ဂျာမနီလေဆိပ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ့

  • 18 နိုဝင်ဘာ 2010
Germany Police
Image caption မြူးနစ်လေဆိပ်မှာ လုံခြုံရေးအပြည့်ချထား

နမ်မီဘီးယားနိုင်ငံကနေ ဂျာမနီနိုင်ငံမြူနစ်ကို ဆင်းသက်တဲ့ လေယဉ်တစ်စီးပေါ်က လက်ဆွဲအိတ်ထဲမှာ ဖောက်ခွဲရေးပစ္စည်းအဖြစ် သံသယရှိတဲ့ ပစ္စည်းတစ်ခုဖမ်းဆီးရမိတယ်လို့ ဂျာမနီ ဖက်ထရယ်မှုခင်းရဲရုံးက ပြောပါတယ်။

နာရီတလုံးနဲ့ ချိတ်ဆက်ထားတဲ့ စနစ်တံတစ်ခုကို အိပ်စရေးစက်ကနေ ရှာဖွေရခဲ့ပြီး ဒီပစ္စည်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ ပါမပါတော့ သေသေချာချာမသိရသေးပါဘူး။

လေယဉ်ခရီးသည်တွေနဲ့ လေယဉ်တစ်ခုလုံးကို ရှာဖွေခဲ့ပြီး ပေါက်ကွဲမှု တစ်စုံတစ်ရာတော့ မဖြစ်ခဲ့ပါဘူး။

ဒိလကုန်ပိုင်းမှာလည်း ဂျာမနီနိုင်ငံကို တိုက်ခိုက်ဖို့ အစီအစဉ်တစ်ခုရှိတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေကြောင့် လေဆိပ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ ဂျာမနီအစိုးဘက်က ပြောပါတယ်။