START 2 ကို ချုပ်ဆိုနိုင်ရေး အတည်ပြုပေးဖို့ အိုဘားမားပြော

  • 19 နိုဝင်ဘာ 2010
Image caption START 2 ကို အထက်လွှတ်တော်က အတည်ပြု ပေးဖို့ သမ္မတ အိုဘားမား ပြောကြား

ရုရှားနဲ့ နျူကလီးယား လက်နက် လျှော့ချရေး စာချုပ် ချုပ်ဆို အတည်ပြု နိုင်ရေးဟာ သူ့အစိုးရရဲ့ အဓိက ဦးစားပေးကိစ္စတခု ဖြစ်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါဟာ အမျိုးသား လုံခြုံရေးအတွက် အရေးကြီး တာကြောင့် နှောင့်နှေးလို့ မဖြစ်ဘူးလို့ သမ္မတ အိုဘားမားက ဆိုသွားတာပါ။

ဒါ့အပြင် လွှတ်တော်သစ် မခေါ်မှီ ဒီစာချုပ်ကို အထက်လွှတ်တော်က မဲခွဲ ဆုံးဖြတ်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒီစာချုပ်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားတို့အတွက် သမိုင်းမှတ်တိုင်ဘဲ လို့ သမ္မတက ပြောပါတယ်။

သမ္မတ သက်တမ်းလယ် ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်တွေ အနိုင် ရတာကြောင့် လာမယ့်နှစ် လွှတ်တော်သစ်မှာ ဒီမိုကရက်တွေ အားနည်း သွားတဲ့အခါ ဒီစာချုပ်ကို အထက်လွှတ်တော်မှာ အတည်ပြုရာမှာ အခက်အခဲ တွေ ကြုံတွေ့ရနိုင်တယ်လို့ မစ္စတာ အိုဘားမားက စိုးရိမ်နေတာ ဖြစ်ပါတယ်။