ဒီမို ပါတီ တို့ လွှတ်တော် တွင်း မှာ ဘာလုပ်နိုင်မှာလဲ

  • 19 နိုဝင်ဘာ 2010
burma elections
Image caption ပြီးခဲ့တဲ့ ရွေးကောက်ပွဲ က နိုင်ငံ တိုးတက်ပြောင်းလဲ လာမယ် လို့ မျှော်မှန်း သူ နည်းပါး

၂၀၁၀ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်လာ ပြီး လက်ရှိ စစ်အစိုးရ က ဖွဲ့ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ က လွှတ်တော် အားလုံးမှာ နေရာရမှု အပြတ် အသတ် ဖြစ်နေတဲ့ အတွက် လွှတ်တော် အတွင်း မှာ ရနိုင် သလောက် ပြောဆို တင်ပြရင်း နိုင်ငံရေး လွတ်လပ်မှု ဘောင်ကို ချဲ့ထွင် ဖို့ ကြိုးစားသူ တွေ က သူတို့ ရည်မှန်း ချက် ဖြစ်နိုင်ဦးမယ် လို့ မျှော်လင့် ဆဲ မျှော်လင့် နေကြ ပေမယ့် လည်း သုံးသပ်သူတွေ ကတော့ အဲဒီ မျှော်မှန်းမှု ဖြစ်လာဖို့ အလွန် နည်းပါး နေ တယ် လို့ ဆိုပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ က ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ် လွှတ်တော် စတဲ့ လွှတ်တော် တွေရဲ့ အရပ်သား ကိုယ်စားလည် နေရာ တွေမှာ ၇၆.၅ ရာခိုင်နှုန်း ကို ရရှိ သွားတဲ့ အတွက် လွှတ်တော် တိုင်း ကို တက်လာတဲ့ စစ်တပ် က ကိုယ်စားလည် တွေ နဲ့ ပေါင်းရင် လွှတ်တော် တိုင်းရဲ့ ရာခိုင်နှုန်း ၈၀ ကျော် နေရာ တွေ ကို လွှမ်းမိုး နိုင် သွားပါပြီ။

ဘယ်လိုပဲ ဖြစ်စေ ဒီမိုကရေစီ ဘောင်ချဲ့ လို တဲ့ အတွက် ရွေးကောက်ပွဲ ကို ဝင်ခဲ့ ကြတဲ့ ဒီမိုကရေစီရေး ပါတီ တွေနဲ့ တိုင်းရင်းသား ပါတီ တွေ ဘက် က တော့ တတ်နိုင် သလောက် လွှတ်တော် အတွင်း မှာ လူထု လိုချင်တဲ့ အကြောင်း အရာ တွေကို တင်ပြ ဆွေးနွေးသွားမယ် လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု က ရွေးချယ် တင်မြှောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးစိုးဝင်း က ဒီမိုကရေစီရေး ပါတီ တွေ ၊ တိုင်းရင်းသား ပါတီ တွေ ပေါင်း ပြီး ရသ လောက် လူထု အကျိုး အတွက် လွှတ်တော် အတွင်း တင်ပြသွား မယ် လို့ ဆိုပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ က ရွေးကောက်ခံ လွှတ်တော် ကိုယ် စားလှယ် ဦးဇော်အေးမောင် က ကြံ့ခိုင်ရေး ပါတီ ကပဲ ဖြစ်ဖြစ် စစ်တပ် ကိုယ်စားလှယ် ပဲ ဖြစ်ဖြစ် လူထု ကိုယ်စားလှယ် တွေ ဖြစ်လာပြီ ဖြစ်တဲ့ အတွက် လူထု အတွက် ဆောင်ရွက် လာအောင် သူတို့ စည်းရုံးသွားမယ် လို့ ဆိုပါတယ်။

ဒီမိုကရက်တစ် ပါတီ ( မြန်မာပြည် ) ရဲ့ ဥက္ကဌ ဦးသုဝေ က လွှတ်တော် တွေ အတွင်း ပြည်သူ့ ကိုယ်စားလည် တွေလည်း ရောက်နိုင် သလောက် ရောက်ခဲ့ပြီ၊ လွှတ်တော် ပြင်ပ က လုပ်ဆောင်မှု တွေလည်း ရှိလာမှာ ဖြစ်တဲ့ အတွက် အရင် ကထက် နိုင်ငံရေး အခြေအနေ တိုးတက် လာမှာ လို့ မှတ်ချက်ချ ပါတယ်။

သုံးသပ်သူတွေ ကတော့ အဲဒီ ဒီမိုကရေစီရေး လိုလားတဲ့ တိုင်းရင်းသားပါတီ တွေ အပါအဝင် ဒီမိုကရေစီ ချဲ့ထွင်လို တဲ့ ပါတီတွေ အားလုံးပေါင်းရဲ့ ကိုယ်စားလှယ် တွေ က နိုင်ငံ အတွက် အရေးကြီးတဲ့ ဥပဒေ တွေ ပြု နိုင်တဲ့ ပြည်ထောင်စု လွှတ်တော် အတွင်း မှာ ၁၀ ရာခိုင်နှုန်း လောက်သာ ရှိတာမို့ လူထု လိုလားတဲ့ ဥပဒေ တွေ အဆိုပြု နိုင်ဖို့ တောင် မလွယ်ဘူး လို့ သုံးသပ် ကြပါတယ်။

အခုလို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာ တွေအပြင် သမ္မတ ကိုရွေးချယ် နိုင်မှု အပိုင်းမှာ လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ နဲ့ စစ်တပ် ကိုယ်စားလှယ် တွေ က တင်တဲ့ သမ္မတ လောင်း က ပဲ သမ္မတ ဖြစ်လာဖို့ ရှိပြီး အဲဒီ သမ္မတ က တရားသူကြီးချုပ် ကို ရွေးချယ် မှာ ဖြစ်တဲ့ အတွက် တရားစီရင်ရေး အာဏာ ကို ပါ လုံးဝ လွှမ်းမိုး သွား မှာ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကို စောင့်ကြည့် လေ့လာ တဲ့ ဧရာဝတီမဂ္ဂဇင်း သတင်းထောက် ကိုထက်အောင် က ဘီဘီစီ ကို ပြောပါတယ်။