မြောက်ကိုရီးယားမှာ နျူကလီးယား စက်ရုံသစ် တွေ့

  • 22 နိုဝင်ဘာ 2010
Image caption အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates

မြောက်ကိုရီးယားရဲ့ ယူရေနီယမ် သန့်စင်ရေး စက်ရုံနဲ့ ပတ်သက်ပြီး တွေ့ရှိချက် တွေဟာ နျူကလီယား လက်နက်တွေ ပိုမိုထုတ်လုပ်ဖို့ ဖြစ်နိုင်ချေရှိတယ် ဆိုတာကို ပြသတာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Robert Gates က ပြောပါတယ်။

မြောက်ကိုရီးယားမှာ နျူကလီးယား စက်ရုံသစ် တွေ့ရတဲ့အပေါ် သူ့အနေနဲ့ မအံ့သြမိကြောင်းနဲ့ ဒါဟာ သူ့အပြောအရ မြောက်ကိုရီးယားရဲ့ ကုလသမဂ္ဂ အပေါ် အံတု စိန်ခေါ်ချင်တဲ့ ဆန္ဒကို ပြသတာဘဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာကြောင့် အမေရိကန် သိပ္ပံပညာရှင်ကို ဒီစက်ရုံခေါ်ပြီး ပြရသလဲ ဆိုတာ စဉ်းစားလို့ မရပေမယ့် ဒါဟာ နျူကလီးယား လက်နက်ထုတ်ဖို့ မဟုတ်ဘဲ စွမ်းအင်ထုတ်ဖို့ ဖြစ်ကောင်းဖြစ်မယ် ဆိုတဲ့ အချက်ကိုတော့ သူက ပယ်ချ ခဲ့ပါတယ်။