တောင်၊ မြောက်ကိုရီးယား စစ်ရေး တင်းမာ

  • 24 နိုဝင်ဘာ 2010
Korea
Image caption တောင်ကိုရီးယာ ယန့်ပြောင်းကျွန်းကလူတွေ စစ်ဘေး ရှောင်ပြေးကြ

အင်္ဂါနေ့တုန်းက မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် ယန့်ပြောင်းကျွန်းက ရာပေါင်းများစွာသော အရပ်သားတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကုန်ကြပါတယ်။

သက်ကြီး ရွယ်အိုအများစုကို ကမ်းခြေစောင့် တပ်ဖွဲ့က ဆိုးလ်မြို့နားက အင်ချွန်း ဆိပ်ကမ်းဆီ လှေသင်္ဘောတွေနဲ့ ရွေ့ပြောင်း ပို့ဆောင်ပေးနေပါတယ်။ သူတို့ထဲက တချို့ကတော့ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ဆိုနေပါတယ်။

မြောက်ကိုရီးယားရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား နှစ်ယောက်နဲ့ စစ်သားနှစ်ယောက် သေဆုံးခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ အမေရိကန် ပြည်ထောင်စု နဲ့ တောင်ကိုရီးယားတို့ စစ်ရေး ပူးတွဲ လေ့ကျင့်မှု လုပ်ဖို့လည်း ရှိပါတယ်။

အမေရိကန် ပြည်ထောင်စုက အမေရိကန် တောင်ကိုရီးယား ပူးတွဲစစ်အင်အားကို ဖော်ထုတ်ပြသသွားမှာ ဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ်တည်ငြိမ်ရေး ကို အမေရိကန်ကဆောင်ရွက်ဖို့ သန္နိဌာန်ချထားတယ်လို့ ဆိုပါတယ်။