တာလီဘန် သူပုန်တွေ အင်အား ကြီးထွားလာ

  • 24 နိုဝင်ဘာ 2010
Image caption တာလီဘန် သူပုန်တွေ အင်အားကြီးလာ

အာဖဂန်နစ္စတန်က သူပုန်တွေဟာ အင်အား ကြီးထွား လာနေပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေလည်း အမြင့်ဆုံး အခြေအနေကို ရောက်လာနေတယ်လို့ ဝါရှင်တန်က ကာကွယ်ရေး ဆိုင်ရာ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

ကွန်ဂရက် လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ တိုက်ပွဲ ဖြစ်ပွားမှုတွေဟာ ၂ဝဝရခုနှစ်ကထက် သုံးဆ တိုးလာပြီး သူပုန်တွေဟာ ခုခံအားကောင်းနေသလို တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံနိုင်ကာ နည်းပရိယာယ်တွေလည်း ကြွယ်ဝလာတယ် လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒါပေမယ့် တချို့နေရာတွေမှာတော့ လုံခြုံရေးကို ထိန်းချုပ် နိုင်ပါပြီလို့ အစီရင်ခံစာမှာ ရေးသား ထားပါတယ်။

လေးနှစ်အတွင်း တပ်တွေ ရုတ်သိမ်းဖို့ အချိန်ဇယားတွေ ပြင်နေပြီး တာလီဘန်တွေနဲ့ တိုက်တဲ့ စစ်ပွဲမှာ သူတို့အောင်နိုင်မယ်လို့ ယုံကြည်နေတဲ့ နေတိုးအဖွဲ့က အမေရိကန် အစိုးရအတွက် ဒီအစီရင်ခံစာကြောင့် အကြပ်ရိုက် သွားစေတယ်လို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။