နိုင်ငံရေးထက် စီးပွားရေး ကျန်းမာရေးအလုပ် ကို ဦးစားပေးမယ်

  • 30 နိုဝင်ဘာ 2010
shan elections
Image caption ပြည်နယ် အဆင့်ရွေးကောက်ပွဲ မှာ ရှမ်း တိုင်းရင်းသား တချို့ အနိုင်ရ ခဲ့

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အကြံပေး နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယား ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက် ခဲ့စဉ် အတွင်း နိုင်ငံရေးပါတီတွေ နဲ့ တွေ့ဆုံ ခဲ့ရာမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အနေ နဲ့တော့ လက်ရှိ အနေအထားမှာ နိုင်ငံရေးကိစ္စ တွေထက် လူထုရဲ့ စီးပွားရေး ကျန်းမာရေး ကိစ္စတွေ ကိုသာ ဦးစားပေး ဆောင်ရွက်တဲ့ လမ်းကြောင်း ဟာ အမှန်ကန်ဆုံးလမ်းကြောင်းလို့ ယူဆတဲ့အကြောင်း ဦးဆောင်ဆီ က ကုလသမဂ္ဂ အထူး ကိုယ်စားလည် ကို ပြောပြ ခဲ့ကြောင်း ဘီဘီစီ ကို ပြန်ပြောပြ ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ တွေ့ဆုံဆွေးနွေးရေးတို့ ဆိုတာတွေကို သူတို့အနေနဲ့ စိတ်ဝင်စားမှု ရှိတဲ့အကြောင်း ဒါပေမယ့် ဒါတွေပေါ်ပေါက်လာဖို့ လမ်းစ မတွေ့ နိုင်အောင် ဖြစ်နေတဲ့ အကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ရဲ့ ဒုတိယ ဥက္ကဌ ဦးဆောင်ဆီ က ပြောပါတယ်။

အမှန်အားဖြင့်ဆိုရင် လွှတ်တော်အတွင်း လမ်းကြောင်းကသာ လျှင် လူထု အကျိုးရှိမယ့် အခြေခံကျတဲ့ ကိစ္စတွေကို ဆောင်ရွက်တာဟာ လက်တွေ့ကျတယ်လို့ သူမြင်တဲ့ အကြောင်း သူ က ပြောပါတယ်။