ပုဂ္ဂလိက ကုမ္ပဏီ Space X က အာကာသယာဉ် လွှတ်တင်

  • 9 ဒီဇင်ဘာ 2010
Image caption နဂါးလို့ အမည်ရတဲ့ ဒုံးပျံ အာကာသယာဉ်တွေ

အရင်တုန်းက နိုင်ငံကြီးတွေ ကသာ လုပ်ဆောင်နိုင်တဲ့ ဂြိုလ်ပတ် လမ်းကြောင်း ကနေ အာကာသယာဉ် လွှတ်တင်မှုကို ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီတခုက အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ပါပြီ။

နဂါးလို့ အမည်ရတဲ့ ကျည်ဆန်ပုံ အာကာသယာဉ်ဟာ ကမ္ဘာကြီး နှစ်ပတ် ပတ်ပြီး ပစ္စဖိတ်သမုဒ္ဒရာထဲ ဆင်းသက် နိုင်ခဲ့တယ်လို့ အမေရိကန် အာကာသ အေဂျင်စီ NASA နာဆာအဖွဲ့က ပြောပါတယ်။

ဖလော်ရီဒါ ပြည်နယ်မှာရှိတဲ့ အမေရိကန် ပုဂ္ဂလိက ကုမ္ပဏီ SpaceX က ဒီအာကာသ ယာဉ်ကို လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် အာကာသယာဉ်တွေ လာမယ့်နှစ်မှာ ရပ်နားသွားတဲ့အခါ အဲဒီကုမ္ပဏီက ဒုံးပျံ ၁၂ခုတည်ဆောက်ပြီး နိုင်ငံတကာ အာကာသ စခန်းကို ပို့ပေးဖို့ စာချုပ် ရထားတာဖြစ်ပါတယ်။