Wikileaks မှာ စွပ်စွဲချက်တွေကို မလေး အတိုက်အခံ ငြင်းဆို

  • 13 ဒီဇင်ဘာ 2010

အမေရိကန် သံတမန် တွေရဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေ ကို ဝီကီ လိက်စ်က ဆက်လက် ဖွင့်ချနေတဲ့ အထဲမှာ အခုတော့ မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဘရာဟင်နဲ့ ပါတ်သက်တဲ့ စွပ်စွဲချက် ပေါ်ထွက်လာခဲ့ပါတယ်။

Image caption လိင်တူ ဆက်ဆံမှု စွဲချက်တွေကို မစ္စတာ အန်နဝါ ငြင်းဆိုနေ

နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် အမျိုးသား တစ်ယောက်နဲ့ လိင်ဆက်ဆံမှု ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ လောလောဆယ် အမှု ရင်ဆိုင် နေရတဲ့ မလေးရှား အတိုက်အခံ ခေါင်းဆောင် က သူ့ အပေါ် စွပ်စွဲချက်တွေကို အခိုင်အမာ ငြင်းဆန်နေခဲ့တာ ပါ။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ တုန်းက အမေရိကန် နိုင်ငံခြားရေး ဌာန ရဲ့ လျှို့ဝှက် စာရွက် စာတမ်းတွေ Fairfax vdkh ခေါ်တဲ့ သြစတြေးလျ သတင်း မီဒီယာ အဖွဲ့ကို ရောက်သွားခဲ့ တဲ့ စာရွက် စာတမ်းတွေ အခု ပေါက်ကြား ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ စင်္ကာပူ ထောက်လှမ်းရေး အရာရှိတွေက မစ္စတာ အန်နဝါဟာ သူလက်ရှိ ရင်ဆိုင်နေရတဲ့ ကျူးလွန်မှု စွပ်စွဲချက် ကို အမှန်တကယ် ကျူးလွန်ခဲ့တာ တာ ဖြစ်နိုင် တယ် လို့ သြစတြေးလျ ထောက်လှမ်းရေး အရာရှိ တွေကို ပြောခဲ့ တာကို ကိုးကား ဖော်ပြထား ပါတယ်။ တနည်းအားဖြင့် မစ္စတာ အန်နဝါဟာ သူ့ရဲ့ လက်ထောက် အမျိုးသား တစ်ယောက်နဲ့ လိင်ဆက်ဆံ ခဲ့တာ ဖြစ်နိုင် တယ်လို့ စင်္ကာပူ နိုင်ငံက ယူဆ နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စင်္ကာပူကရော သြစတြေးလျ နိုင်ငံကပါ အတိုက်အခံ ခေါင်းဆောင် အီဘရာဟင်ဟာ အကွက်ဆင် ခံခဲ့ရတာ ဖြစ်တယ်၊ သူဟာ ထောင်ချောက်ထဲကို သိသိကြီးနဲ့ ဆင်းလျှောက် ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ယူဆကြ ပါတယ်။ မစ္စတာ အန်နဝါကတော့ ဒါဟာ နိုင်ငံရေး အရ အကွက်ဆင်တာ ဖြစ်တယ်လို့ ပြောဆိုရင်း အဲဒီ စွပ်စွဲချက် တွေကို အခိုင်အမာ ငြင်းဆို ပါတယ်။

ဝီကီလိက်စ် ဝက်ဘ်ဆိုဒ်က စွပ်စွဲချက်တွေကို မလေးရှား နိုင်ငံ အတွင်းမှာ ရော စင်္ကာပူနဲ့ သြစတြေးလျ နိုင်ငံတို့မှာပါ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ မစ္စတာ အန်နဝါရဲ့ ရှေနေက ဒေသတွင်းမှာ ဖော်ပြတဲ့ သတင်းတွေက သူ့ အမှုသည် ရင်ဆိုင်နေ ရတဲ့ အမှုအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ ပြောဆိုပြီး တရားရုံးမှာ ကန့်ကွက်လွှာ တင်သွင်းဖို့ စီစဉ် နေတယ်လို့ ပြောပါတယ်။