ထားဝယ် ရေနက် ဆိပ်ကမ်းဆောက်မှာ မို့ မြေဈေးတွေ ထိုးတက်

  • 14 ဒီဇင်ဘာ 2010
ningbo_port
Image caption နိုင်ငံတကာ အဆင့်မီ ရေနက် ဆိပ်ကမ်း လုပ်ဖို့ မျှော်မှန်း နေကြ

တနင်္သာရီတိုင်း ထားဝယ်မြို့ မှာ ရေနက် ဆိပ်ကမ်း စက်မှုဇုံ ကို ထိုင်းနိုင်ငံ အီတာလျံ ကုမ္ပဏီ က တည်ဆောက်ဖို့ မြန်မာအစိုးရ နဲ့ သဘောတူညီမှု ရထား ပြီ ဖြစ်လို့ ရန်ကုန် လို မြို့ကြီးတွေက စီးပွားရေး သမားတွေ ထားဝယ် ကို ဆင်းလာပြီး မြေတွေ ဝယ်နေ ကြ လို့ ထားဝယ် မှာ မြေဈေး တွေ နှစ်ဆ တိုး ခုန်တက် သွား ပါ တယ်။

မြို့တွင်းပိုင်း မှာ မြေ ကို ပေ အရေအတွက် နဲ့ တွက်ချက် အရောင်းအဝယ် ဖြစ်နေပြီး မြို့ပြင် ဖက် အပိုင်းမှာ တော့ ဧကနဲ့ အရောင်း အဝယ် ဖြစ်နေ ပါတယ်။

အရင်တုန်းက တစ်ပေကို ၃ သိန်းလောက် ပေါက်တဲ့မြေ က အခု တပေ ကို ၆ သိန်းလောက် ပေါက်နေတယ်လို့ ထားဝယ် ဒေသခံ စီးပွါးရေးလုပ်ငန်းရှင် အမျိုးသမီး တစ်ဦး က ပြော ပါတယ်။

အရင်က တစ်ဧက ၁ သိန်းလောက်ပေါက်တဲ့ လယ်မြေက အခု ၃ သိန်း လောက် ပေါက် နေတယ်လို့လည်း သူ က ပြောပါတယ်။

မြို့ထဲက ဒေသခံတချို့ဆိုရင် မြေတွေရောင်းပြီး မြို့ပြင်ဘက်ထွက် နေကြတယ် လို့လည်း ဒေသခံ အမျိုးသမီးက ဘီဘီစီကို ပြောသွား ပါတယ်။