စစ်ခေါင်းဆောင်တွေ ဟာ ထုံအ မိုက်မဲတဲ့သူ တွေလို့ လီကွမ်ယူ မှတ်ချက်ချ

  • 15 ဒီဇင်ဘာ 2010
wikileaks
Image caption ဝီကီလိခ် ကြောင့် ဒေသတွင်း ခေါင်းဆောင် တွေ ရဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေ အပေါ် အမြင် ကို သိလာရ

စစ်ခေါင်းဆောင်တွေ ဟာ ထုံအ မိုက်မဲတဲ့သူ တွေလို့ စင်္ကာပူ ခေါင်းဆောင် ဟောင်း မစ္စတာ လီကွမ်ယူ က မှတ်ချက် ချခဲ့တဲ့ အကြောင်း ဝီကီလိခ် က တဆင့် သိရ ပါတယ်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ အတွင်း အမေ ရိကန် သံတမန် တဦးက အိမ်ဖြူတော် နိုင်ငံခြားရေး ဌာန ကိုပို့တဲ့ အကြောင်းကြားချက် တွေ ကို ဝီကီလိခ် က တဆင့် ဖွင့်ချ ခဲ့တဲ့ အတွက် အခုလို မစ္စတာ လီ ရဲ့ မြန်မာ စစ်ဗိုလ်ချုပ် တွေနဲ့ ပတ်သက် လို့ ပြောကြားချက် တွေကို သိရ တာပါ။

စင်္ကာပူ ခေါင်းဆောင်ဟောင်း က မြန်မာ စစ်ဗိုလ်ချုပ် တွေနဲ့ ပြောဆိုဆက်ဆံ ဆောင်ရွက် ရတာ ဟာ လူသေ နဲ့ စကားပြော ရသလို ပဲ လို့လည်း ဒေါမာန် ပါပါ ပြောခဲ့ ပါတယ်။

မြန်မာ့ အကြပ်အတည်း ပြဿနာ ကို ဖြေရှင်း ဖို့ ဆိုရင် နှိုင်းယှဉ်မှု အရ နဲနဲ အကင်းပါး နိုင်မယ့် လူငယ် စစ်အရာရှိ တွေက နိုင်ငံ ဟာ ရှေ့မှာ မတည်ငြိမ် နိုင်ဘူးဆိုတာ သိမြင် လာပြီး အပြောင်း အလဲ ဖြစ်ဖို့ ကြိုးစား ကြတာမျိုး ဖြစ်လာမယ် ဆိုရင် တော့ အဖြေ တခု ဖြစ်လာ နိုင်တယ် လို့ သူ က မြင်ပါတယ်။

ဒါ့အပြင် မြန်မာ အပါအဝင် လာအို၊ ကမ္ဘာဒီးယား နဲ့ ဗီယက်နမ် နိုင်ငံ စတဲ့ နိုင်ငံ တွေကို အာဆီယံ အဖွဲ့ ထဲ ဝင်ခွင့်မပေး သင့်ဘူး လို့ လည်း သူ့အမြင် ကို ပြောထား တာ ကို ဝီကီလိခ် ထဲမှာ ဖတ်ရပါတယ်။

ဒီ နိုင်ငံတွေဟာ အာဆီယံ စတင် ထူထောင် ကြတဲ့ နိုင်ငံတွေရဲ့ စံတန်ဘိုး တွေကို မလေးစား ကြဘူး လို့ လည်း မစ္စတာ လီ က ဆိုပါတယ်။