တောင်စစ်ရေး လေ့ကျင့်မှု မြောက်လက်စား မချေ

  • 21 ဒီဇင်ဘာ 2010
Korea drill
Image caption တောင်ကိုရီးယား ဘက်က စစ်ရေး လေ့ကျင့်မှုကို တွေ့ခဲ့ရစဉ်

တောင်မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ် နားမှာ တောင်ကိုရီးယား စစ်တပ်က ကျည်အစစ် တွေနဲ့ ပူးတွဲ စစ်ရေး လေ့ကျင့် မှုကို လက်တုန့်ပြန်မှာ မဟုတ်လို့ မြောက် အစိုးရက ပြောလိုက်ပါတယ်။

တောင်ကိုရီးယားရဲ့ ရန်စတဲ့ လုပ်ရပ်ကို အဖက် လုပ်စရာ မလိုဘူးလို့ မြောက်ကိုရီးယား သတင်း ဌာနက ကြေငြာသွားပါတယ်။

မကြာသေးခင်က မြောက်ကိုရီးယားဘက်က အမြှောက်ကျည် ကျတဲ့ တောင်ကိုရီးယားဘက်က ကျွန်းနားမှာ တောင်ကိုရီးယားက စစ်ရေး လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရကတော့ တောင်ကိုရီးယားမှာ စစ်ရေး လေ့ကျင့်ပိုင်ခွင့် ရှိတယ်လို့ ပြောပြီး ခု မြောက်ကိုရီးယားက လက်တုန့်ပြန်မှာ မဟုတ်ဖူး ဆိုတဲ့ ကြေငြာချက်ကို အမေရိကန်တွေဘက်က ကြိုဆိုလိုက်ပါတယ်။

ကြည့်ရတာ မြောက်ကိုရီးယား ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် သဘောမျိုး တာဝန်ယူ ဆောင်ရွက်နေတဲ့ ဘီလရစ်ချက်ဆန်ဟာ မြောက်အစိုးရနဲ့ သဘောတူညီချက် တခုခု ရရှိခဲ့ပုံ ရတယ်လို့ ဘီဘီစီ သတင်းထောက် ဂျွန်နသန် မားကပ်စက သုံးသပ်ပါတယ်။

မြောက်ကိုရီးယားက လက်တုန့်ပြန်မှာ မဟုတ်ဖူးဆိုတဲ့ ကြေငြာချက် အပြင် သူ့ရဲ့ နယူး ကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုတွေ ပြန်လုပ်ဖြစ်တဲ့ ထိတောင် ဦးတည်သွားနိုင်တဲ့ အလျော့ ပေးမှုမျိုးတွေကို လုပ်ပေးခဲ့ပုံ ရပါတယ်။

ဒါကို ကြည့်ရင်ဘဲ ကိုရီးယား ကျွန်းဆွယ်က အခြေအနေတွေဟာ အပြောင်းအလဲ မြန်ပြီး အတော့်ကို ဆူလွယ် နပ်လွယ် အနေအထားမျိုးမှာ ရှိနေပုံပါ။

တောင်ကိုရီးယားက စစ်ရေး လေ့ကျင့်မှု မလုပ်ခင် ဒေသတွင်းမှာ စိတ်တထင့်ထင့် ရှိနေရာကနေ ခုမြောက်ကိုရီးယားရဲ့ ကြေငြာချက်ကြောင့် အားလုံး သက်ပြင်း ချသွားနိုင်ပုံပါ။

ခုဆိုရင် မနှစ်က ဧပြီလက ယုံဗြောင် နယူးကလီးယား စက်ရုံကနေ နှင်ထုတ်ခံရတဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး သမားတွေ မြောက်ကိုရီးယားကို ပြန်ဝင် နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုရီးယား ကျွန်းဆွယ် အနောက်ဘက် ပင်လယ်ပြင်က အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲ ပဋိပက္ခ မဖြစ်အောင် ကြိုတင် စောင့်ကြည့်မှုတွေ လုပ်ဖို့ တောင်မြောက် ကိုရီးယား နှစ်နိုင်ငံနဲ့ အမေရိကန်တို့ရဲ့ သုံးပွင့်ဆိုင် စစ်ကော်မရှင် ဖွဲ့စည်းရေးကိုတောင် ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ရဲ့ တစိတ် တဒေသ အဖြစ် တောင်မြောက် ကိုရီးယား နှစ်နိုင်ငံကြား အရေးပေါ် တယ်လီဖုံးလိုင်းသစ် တခု ထားရှိရေးလည်း ပါဝင်ပါတယ်။

မြောက်ကိုရီးယားဘက်က ခုလို အလျှော့ပေးမှုတွေ လုပ်ပြလိုက်တာကို နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေ အတော့်ကို နားလည်ရ ခက်သွားပုံ ရပါတယ်။

ပထမနဲ့ အရေးကြီးဆုံး အချက်ဖြစ်တဲ့ မြောက်ကိုရီးယားက သူ့ရဲ့ နယူးကလီးယား စက်ရုံတွေကို ဝင်ကြည့်ခွင့် ပြုမယ်လို့ ပြောတာဟာ သူ့ရဲ့ နယူးကလီးယား စက်ရုံတွေကို တရားဝင် ဖြစ်အောင် ကြိုးစားတဲ့ အနေနဲ့ ဝင်ကြည့်ခွင့်ပြုတာ ဖြစ်နိုင်မလား ဆိုတဲ့ စဉ်းစားမှုတခု ရှိနေပါတယ်။

တချို့ကလည်း မြောက်ကိုရီးယားမှာ တခြား နယူးကလီးယား စက်ရုံတွေ ရှိနေပြီး ခုကြည့်ခွင့်ပြုမဲ့ နယူးကလီးယား စက်ရုံတွေကိုပဲ အာရုံစိုက်အောင် လုပ်နေတာလားလို့လည်း တချို့က စဉ်းစားကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မြောက်ကိုရီးယားက သူ့ဘက်က အလျှော့ ပေးခဲ့တာတွေကို တကယ် လက်တွေ့ လုပ်ဆောင်ပြမယ် ဆိုရင်တော့ နှစ်နိုင်ငံ စစ်ထတိုက်ကြတော့မလို အနေအထားကနေ အရေးပါတဲ့