ရခိုင် ရထားလမ်း အတွက် လယ်တွေ အသိမ်းခံရ

  • 20 ဒီဇင်ဘာ 2010
rakhine
Image caption ရခိုင် ရထားလမ်း အတွက် လယ်တွေ သိမ်းယူနေ

ရခိုင် ပြည်နယ် မှာ စစ်တွေ နဲ့ အမ်း ကို ဆက်သွယ်တဲ့ ရထားလမ်း ကို ဖောက် လုပ် နေရာမှာ ကျောက်တော် နဲ့ မြောက်ဦး ကို ဖြတ်သန်းသွား ပြီး အဲဒီ ဒေသကရထား လမ်း ဖြတ်မယ့် လယ်မြေ တွေကို လျော်ကြေး မပေးပဲ အစိုးရ က သိမ်း နေပါတယ်။

ကျောက်တော်မြို့နယ် က လယ်သမား တဦး က သူ ပိုင်ဆိုင် တဲ့ လယ်ဧက ၆ ဧက ရှိတဲ့ အထဲ က ၃ ဧက ကို ရထားလမ်း အတွက် သိမ်းသွား လို့ ဒုက္ခ ဖြစ်နေကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ကျောက်တော် အပြင် မြောက်ဦးမှာ လည်း ရထားလမ်း အတွက် လယ်တွေသိမ်းယူ နေတဲ့ အတွက် သူ့ခန့်မှန်းချက် အရ အဲဒီ ၂ မြို့နယ် က လယ် ဧက ၃၀၀၀ လောက် အသိမ်း ခံ ရပြီ လို့ ဆိုပါတယ်။

အခု ရထားလမ်း ဟာ ရခိုင် ပြည်နယ် စစ်တွေ အမ်း ကနေ မြန်မာ ပြည် အလယ်ပိုင်း မင်းဘူး မြို့ ထိ ဖောက်လုပ် မှာပါ။

ရခိုင်ပြည်နယ် တွင်း ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ် တွေ နေရာ တွေကို ရထားလမ်း ဖောက် နေတဲ့ အတွက် ဒေသခံတွေရဲ့ ကန့်ကွက်မှု တွေ ပေါ်ထွက်ခဲ့ပြီး အခု မြေသိမ်း ခံရပြီ ဆိုတဲ့ လယ်သမား တွေရဲ့ ဖွင့်ဟ ချက် တွေ ထွက်ပေါ်လာခဲ့ တာပါ။

လယ်ယာမြေ အသိမ်း ခံ ရတဲ့ လယ်သမား တွေ အနေနဲ့ တိုင်ကြားဘို့ နေရာ မရှိ ဖြစ်ကာ အခက် အခဲ ဆိုက် နေရ ပါတယ်။