ပြင်သစ် လူ့အခွင့်အရေးဆု ရ မြန်မာ တွေ

  • 23 ဒီဇင်ဘာ 2010
human_rights_htoo_chit
Image caption FED အဖွဲ့ ဒါရိုက်တာ အား ပြင်သစ် လူ့အခွင့်အရေး ဆု အပ်နှင်းစဉ်

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား တွေကို ကူညီ ဆောင်ရွက်နေတဲ့ FED လို့ခေါ်တဲ့ ပညာရေး နဲ့ လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့ကို ပြင်သစ် အစိုးရက ဒီနှစ်အတွက် THE FRENCH REPUBLIC လို့ခေါ်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဆု ပေးအပ် ချီးမြှင့် လိုက်ပါတယ်။

ဒီဆုဟာ ၁၉၈၈ ခုနှစ်ကတည်းက နှစ်စဉ် ပေးခဲ့တယ် လို့ သိရတဲ့ အကြောင်း လူ့အခွင့် အရေး ချိုးဖေါက်ခံ နေရတဲ့ နိုင်ငံတွေ စစ် အာဏာရှင် စံနစ် လက်အောက်က နိုင်ငံ တွေရဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေကို နှစ်စဉ် ပေးတဲ့ဆု ဖြစ်ပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေ ရဲ့ အလုပ်သမား အခွင့်အရေး ကိစ္စ ပညာရေး ကိစ္စ နဲ့ အလုပ်သမား တွေရဲ့ အမျိုးသမီးများ ဖွံ့ဖြိုးရေး ကိစ္စတွေ အတွက် ဒီဆုကို ရရှိတာ ဖြစ် ပါတယ် လို့ ဆုရတဲ့ FED အဖွဲ့ ရဲ့ ဒါရိုက်တာ ကိုထူးချစ် က ဘီဘီစီ ကို ပြောပါတယ်။

သူတို့ အဖွဲ့ အနေ နဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမား တွေ၊ တခြား အစိုးရ မဟုတ်တဲ့ အဖွဲ့တွေ နဲ့ တသီးပုဂ္ဂလ အလှူရှင်တွေရဲ့ အကူအညီ နဲ့ ရပ်တည် ဆောင်ရွက် နေတာ ဖြစ်တယ် လို့လည်း ကိုထူးချစ် က ပြောပါတယ်။