နျူ လက်နက်နဲ့ တုံ့ပြန်မယ်လို့ မြောက် က ခြိမ်းခြောက်

  • 23 ဒီဇင်ဘာ 2010

မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ကင်ယုံချွန်း က တောင်ကိုရီးယားက မြောက်ကိုရီးယား နယ်စပ်နားမှာ စစ်ရေး လေ့ကျင့် တာဟာ စစ်တိုက်ဖို့ ပြင်တာ ဖြစ်တယ်၊ ကိုရီးယား ကျွန်းဆွယ် မှာ တင်းမာမှုတွေ ဖြစ်လာ အောင် လုပ်ဆောင် တယ်လို့ စွပ်စွဲပြီး သူတို့ အဆို မြင့်မြတ် တရားမျှတတဲ့ စစ်ပွဲ အတွက် အသင့် ရှိတယ်လို့ ပြောပါတယ်။

Image caption တောင်ကိုရီးယားက ၄၇ ကြိမ်မြောက် စစ်ရေး လေ့ ကျင့် မှု ပြုခဲ့

သူ့ရဲ့ ဒီမှတ်ချက်က မြောက်ကိုရီးယား နဲ့ နယ်စပ် အနီးမှာ တောင်ကိုရီးယား ဘက်က လက်နက် အစစ်တွေကို သုံးပြီး ကြီးမားတဲ့ စစ်ရေး လေ့ကျင့် မှုကြီး ပြုလုပ်ခဲ့ ပြီးတဲ့ နောက်မှာ ပေါ်ထွက် လာခဲ့တာပါ။

အခု စစ်ရေး လေ့ကျင့်မှုက ရဟတ်ယာဉ်တွေ၊ တင့်ကား တွေနဲ့ တိုက်လေယာဉ်တွေ ပါဝင်ကြပြီး စစ်ရေး လေ့ကျင့်မှု သမိုင်းမှာ အကြီးဆုံး လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ တုန်းကတော့ တောင်ကိုရီးယားပိုင် ယုန်ပြုံး ကျွန်းပေါ်ကို ပစ်ခတ်မှု အတွင်း လူ လေးယောက် သေဆုံးခဲ့၇ပြီးတဲ့ နောက် နှစ်ဘက် တင်းမာမှုတွေ ပိုကြီးမား လာခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် က မြောက် ကိုရီးယား ဘက်ကနေ နောက်ထပ် တိုက်ခိုက် လာရင် သူတို့ဘက်ကလည်း ချက်ချင်း လက်တုန့်ပြန် မယ်လို့ စောစောပိုင်း ကပဲ ထပ်မံ ပြောဆိုခဲ့ ပါတယ်။

တောင်ကိုရီးယား စစ်တပ်က တော့ အခု စစ်ရေး လေ့ကျင့်မှုဟာ သူတို့ရဲ့ ပစ်ခတ်နိုင်မှု စွမ်းအားကို ပြဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ကိုရီးယား စစ်ပွဲသစ်ကို ဖန်တီးဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုန်အီလ် က ပြုံယမ်း သတင်း ဌာနကို ပြောပါတယ်။ အခုလို စစ်ပွဲဖြစ်အောင် ကြိုးပမ်းနေတာကို မြောက်ကိုရီးယား တော်လှန်ရေး တပ်မတော် အနေနဲ့ နျူးကလီးယား လက်နက်သုံးပြီး ရန်သူကို တရားသော စစ်နဲ့ တုံ့ပြန် သွားမယ် လို့လည်း သူက ပြောခဲ့ပါတယ်။