ခိုဒိုကော့ဗ်စကီးကို အပြစ်ရှိကြောင်းစီရင်

  • 27 ဒီဇင်ဘာ 2010
khodorkovsky
Image caption မီခိုင်းလ် ခိုဒိုကော့ဗ်စကီး

ရုရှားနိုင်ငံမှာ တော့ အရင် ရေနံလုပ်ငန်းရှင် သူဌေး တစ်ဦးဖြစ်တဲ့ မီခိုင်းလ် ခိုဒိုကော့ဗ်စကီးကို ငွေ အလွဲသုံးစားလုပ်မှု နဲ့ ငွေခဝါချမှုတွေနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ပါတယ်။

ဒါကို ဝေဖန်သူတွေကတော့ နိုင်ငံရေး ပယောဂတွေပါဝင် နေတယ်လို့ ဆိုကြပါတယ်။

မစ္စတာ ခိုဒို ကော့ဗ်စကီးဟာ တချိန်က ရုရှားနိုင်ငံမှာ အချမ်းသာဆုံး သူဌေး တစ်ယောက်ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင်ရဲ့ ပြိုင်ဘက်တစ်ဦး အဖြစ်သူ့ကို ရှုမြင်ကြပါတယ်။

သူ့ကို ၂၀၀၅ ခုနှစ်ကစလို့ အခွန်တိမ်းရှောင်မှု တွေနဲ့ ထောင်ဒဏ် အပြစ်ပေးထားခဲ့ပြီး ဖြစ်ပေမယ့်လို့ အခုတစ်ခါ သူ့ရဲ့ ယူကော့စ် ရေနံ ကုမ္ပဏီက နေ ၁၉၉၈ ကနေ ၂၀၀၃ ခုနှစ်တွေ အတွင်း ဒေါ်လာ ၂၇ ဘီလီယံ လောက်တန်တဲ့ ရေနံတွေကို ခိုးပြီး ရလာတဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ခဲ့တယ်ဆိုပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ခိုဒို ကော့ဗ်စကီး ရဲ့ အမှုကို စစ်ဆေးခဲ့တဲ့ တရားရုံး ရဲ့အပြင်မှာတော့ သူ့ကိုထောက်ခံသူ ဆန္ဒပြခဲ့ကြတယ်

အဲဒီ ဆန္ဒပြခဲ့ကြတဲ့ သူ့ကို ထောက်ခံသူ တစ်ချို့လဲ့ အဖမ်းဆီးခံခဲ့ကြရပါတယ်။