အမေရိကန်မှာ ဆိုးရွားတဲ့ ရာသီဥတု ကြုံတွေ့နေရ

  • 27 ဒီဇင်ဘာ 2010
Image caption နှင်းထုကို ဖယ်ရှားပြီး လမ်းပမ်း ဆက်သွယ်ရေး ချောမွေ့အောင် ဆောင်ရွက်နေ

အမေရိကန် ပြည်ထောင်စု အရှေ့ဖက်ခြမ်း ကမ်းရိုးတမ်းဒေသတဝိုက်မှာ ဆောင်းရာသီ မုန်တိုင်းကြောင့် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေ ကြုံတွေ့ နေရပါတယ်။

မေရီလန်း ၊ ကယ်ရိုလိုင်းနား မြောက်ပိုင်းနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေ ကြေညာထားပြီး ရာနဲ့ချီတဲ့ လေကြောင်း ခရီးစဉ်အတော်များများလည်း ဖျက်သိမ်းထားရပါတယ်။

နှင်းမုန်တိုင်းဟာ မြောက်ဖက်ကို တဖြည်းဖြည်း ရွေ့လာတာကြောင့် အနည်းဆုံး နှင်းထု တပေလောက် တက်လာနိုင်တယ်လို့ New York နဲ့ Boston အပါအဝင် အဓိကမြို့ကြီးတွေမှာလည်း သတိပေး ကြေညာထားပါတယ်။

အခုမုန်တိုင်းဟာ အရင်ဖြစ်ခဲ့တဲ့ ရာသီဥတု ဆိုးဝါးမှုကို စံချိန်ချိုးသွားခဲ့ပြီး တောင်ပိုင်းကပြည်နယ်တွေ ဖြစ်တဲ့ Georgia နဲ့ Carolina တောင်ပိုင်းမှာတော့ ခရစ်စမတ်ကို နှင်းတွေကြားထဲ ဆင်နွဲရတာ ဆယ်စုနှစ် အတွင်း ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။