လောရင့် ဘက်ဘို သမ္မတက ရာထူးထွက်မလား စစ်ပြင်မလား

  • 28 ဒီဇင်ဘာ 2010
bagbo un
Image caption ကုလသမဂ္ဂ အပြင် ဒေသတွင်းနိုင်ငံတွေ ရဲ့ ဖိအား အောက်မှာ ရှိနေတဲ့ သမ္မတ ဘက်ဘို

အနောက် အာဖရိက နိုင်ငံတွေ ပေါင်းစည်း ထားတဲ့ ECOWAS အဖွဲ့ ကို ကိုယ်စားပြု ပြီး အနောက် အာဖရိက နိုင်ငံတွေ က သမ္မတတွေ ဟာ သမ္မတ လောရင့် ဘက်ဘို ကို ရာထူး ကနေ ဆင်း ပေးဖို့ အတွက် နောက်ဆုံး အကြိမ် အဖြစ် တိုက်တွန်းဖို့ အိုင်ဗရီကို့စ် နိုင်ငံ ကို ရောက်ရှိ နေပါတယ်။

သူတို့ဟာ မစ္စတာ ဘက်ဘို ရာထူး က မဆင်းရင် စစ်ရေး အရ တိုက်ခိုက်မယ် ဆိုတာ ကိုလည်း သူ့ကို သတိပေးမှာပါ။

ဆီရာလီယွန်း သမ္မတ ရဲ့ ပြန်ကြားရေးဝန်ကြီး အီဘရာဟင် ဘန် ကတ်ဘို က မစ္စတာ အော့တရာ ဟာ ရွေးကောက်ပွဲ မှာ မဲနိုင်ခဲ့တဲ့ အတွက် သူ့ ကို အိုင်ဗရီကို့စ် ကို အုပ်ချုပ်ဖို့ အလှည့် ပေးသင့်တယ်၊ မစ္စတာ လောရင့် ဘက်ဘို အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထား သင့်တယ်၊ ဒါကြောင့်မို့ ECOWAS အဖွဲ့ အနေနဲ့ မစ္စတာ ဘက်ဘို ကို ရာထူးက နေ ဆင်းပေးအောင် စည်းရုံး နေတာ လို့ ပြောပါတယ်။

ဆီရာလီယွန်း သမ္မတဆီရာလီယွန်း သမ္မတ ရဲ့ ပြောခွင့် ရပုဂ္ဂိုလ် တဦး ကလည်း မစ္စတာ ဘက်ဘို နိုင်ငံ ကနေ ထွက်ခွာ လာရင် သူ့ကို သိက္ခာ ကျဆင်းအောင် လုပ်တာမျိုး မလုပ် ပဲ ကောင်းကောင်းမွန်မွန် လက်ခံ မယ့် အကြောင်း လည်း အခု လာခဲ့ကြ တဲ့ ခေါင်းဆောင် တွေထဲ က ခေါင်းဆောင် ၃ ဦး ကနေ ကမ်းလှမ်း ကြမယ် လို့ ဆိုပါ တယ်။