အမေရိကန် နိုင်ငံခြားရေး မူဝါဒကို ဘရာဇီး ဝေဖန်

  • 28 ဒီဇင်ဘာ 2010
Image caption ဘရာဇီး သမ္မတ Luiz Inacio Lula da Silva

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva ဟာ ရာထူးက မစွန့်ခွာခင် နောက်ဆုံး အနေနဲ့ တွေ့ဆုံ မေးမြန်းခန်း တခုမှာ လက်တင်အမေရိက နိုင်ငံတွေရဲ့ အပေါ် ထားရှိတဲ့ အမေရိကန် နိုင်ငံခြားရေးရာ မူဝါဒကို ဝေဖန်ပြောကြား လိုက်ပါတယ်။

သမ္မတ အဖြစ် ရှစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ လူလာရဲ့နေရာကို သူ့အကူလက်ထောက်ဖြစ်ခဲ့ဖူးတဲ့ ဒဲမာ ရူဆက်ဖ်က လာမယ့်နှစ်သစ်မှာ ဆက်ခံမှာ ဖြစ်ပါတယ်။

အမေရိကတိုက် တောင်ဖက်ခြမ်းက နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်အောင် အမေရိကန် မလုပ်ဆောင်နိုင်တဲ့အပေါ် သူ့အနေနဲ့ ဝမ်းနည်းကြောင်း သမ္မတ လူလာက ဆိုပါတယ်။

အိုဘားမား အစိုးရဟာ လက်တင်အမေရိက နိုင်ငံတွေရဲ့ အရေးပါမှုကို ဆုပ်ကိုင် အသုံးမချနိုင်ခဲ့ဘဲ သူတို့ကိုသူတို့ အင်ပါယာကြီးတခုအဖြစ် ပြုမူကျင့်ကြံ နေတယ်လို့ ဘရာဇီး ခေါင်းဆောင်က ထုတ်ဖော်ပြောလိုက်ပါတယ်။

သူဟာ ဘရာဇီးမှာ စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ စံချိန်တင် ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။