ဘာသာရေး ခေါင်းဆောင်တွေက နိုင်ငံရေးသမားတွေကို ပြစ်တင် ရှုတ်ချ

  • 29 ဒီဇင်ဘာ 2010
Image caption သေဆုံးသူတွေ အတွက် ဆုတောင်းနေ

နိုင်ဂျီးရီးယားနိုင်ငံမှာ ဘာသာရေး အဖွဲ့တွေကြား အဓိကရုန်း ဖြစ်အောင် နိုင်ငံရေးသမား တွေက လှုံဆော် ပေးနေတယ် ဆိုပြီး ခရစ်ယာန်နဲ့ မွတ်ဆလင် ထိပ်တန်း ဘာသာရေး ခေါင်းဆောင်တွေရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ရှုတ်ချပြောဆို လိုက်ပါတယ်။

နိုင်ငံရေးသမား တချို့ဟာ တိုင်းပြည် မတည်မငြိမ် ဖြစ်အောင် ကြိုးစားနေတယ် လို့ ခရစ်ယာန် ဘာသာရေး အဖွဲ့ ဥက္ကဌက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ခရစ်စမတ် အကြိုညမှာ အဓိကရုန်းတွေ စတင်ဖြစ်ခဲ့ပြီးတဲ့နောက် ဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို အကြမ်းဖက်မှု တွေကြောင့် သေဆုံးရသူ ၈ဝ နဲ့ ဒဏ်ရာရသူ ၁၉ဝ နီးပါးလောက် ရှိတယ်လို့ အရေးပေါ် ဆေးကုသရေး ဌာနက ပြောပါတယ်။