အကြမ်းဖက် တိုက်ခိုက်မယ့် မသင်္ကာဖွယ် လူငါးယောက်ကို ဖမ်းမိ

  • 30 ဒီဇင်ဘာ 2010
Image caption အကြမ်းဖက် သမားတွေ ပစ်မှတ်ထားတဲ့ သတင်းစာတိုက်

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ တိုက်ခိုက်ခဲ့တဲ့ ပုံစံမျိုး ကျူးလွန်ပြီး လူအများအပြားကို သတ်ဖို့ ကြံစည် နေတယ်လို့ မသင်္ကာတဲ့ အတွက် ငါးယောက်ကို ဒိန်းမတ်နဲ့ ဆွီဒင် ရဲ တွေက ဖမ်းထား ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တုန်းက တမန်တော် မိုဟာမတ်ပုံ ကာတွန်းကို ဖော်ပြခဲ့တဲ့ ဒိန်းနစ်ရှ် သတင်းစာ Jyllands-Posten ကို သူတို့ အဓိက ပစ်မှတ်ထား ကြံစည် နေ ခဲ့တာ လို့ လည်း ဒိန်းမတ် ထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။

အဲဒီလူ တွေနဲ့ စပ်ဆက် နေတဲ့ နေရာတွေကို လျှို့ဝှက်ပြီး ဝင်ရောက် ရှာဖွေ ရာမှာ စက်သေနတ် တလက် နဲ့ လက်နက်တွေ တွေ့ရတယ် လို့လည်း ဆိုပါတယ်။

သူတို့ ထဲက တချို့ ဟာ ဆွီဒင် ကနေ ဒိန်းမတ်ကို ကူးလာ ကြတဲ့ သူတွေ ဖြစ်သလို ၊ ဆွီဒင်နိုင်ငံသား တွေလည်း ပါတယ်လို့ ဒိန်းမတ် အာဏာပိုင် တွေက ပြောပါတယ်။