ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေ ၂၀၁၁ နှစ်သစ်ကို ကြို

  • 31 ဒီဇင်ဘာ 2010

ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေမှာ ၂၀၁၁ နှစ်သစ်ကို ကူးပြောင်းခဲ့ကြပြီးဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံ အော်ကလန်မြို့က စကိုင်းတာဝါ အဆောက်အဦးမြင့်ကြီးကနေ မီးရှုးမီးပန်းတွေ ခမ်းနားကြီးကျယ်စွာ ဖေါက်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။

Image caption နယူးဇီလန်က နှစ်သစ်ကူးကြို

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာလဲ Sydney Harbour Bridge တံတားပေါ်ကနေ ရှုမောဘွယ် မီးရှုးမီးပန်းတွေ နဲ့ နှစ်သစ်ကူးခဲ့ကြပါတယ်။

Image caption သြစတြေးလျနိုင်ငံက နှစ်သစ်ကူး

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေကတော့ ၂၀၁၁ နှစ်သစ်ကို ကြိုဖို့ အသင့် ဖြစ်နေကြပါပြီ။

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၁ နှစ်သစ်မှာ အင်သစ် အားသစ် အတွေးအခေါ်သစ်တွေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာပြည်သူတွေ တိုက်တွန်းခဲ့ပါတယ်။

လာမဲ့ နှစ်သစ်အတွင်း မြန်မာနိုင်ငံမှာ အအေးပိုလာဖို့ရှိတယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလင်းက ပြောခဲ့ပါတယ်။

အီတလီနိုင်ငံမှာ ၂၀၁၁ ဂျန်နဝါရီ ၁ ရက်နေ့ကစလို့ ပလတ်စတိတ် ကျွတ်ကျွတ်အိတ်တွေ ကို မသုံးရတော့ပါဘူး။

စပိန်နိုင်ငံမှာတော့ ၂၀၁၁ ဂျန်နဝါရီ ၁ ရက်နေ့ကစလို့ မွေးစ ကလေးတယောက်ကို ဒေါ်လာ ၃၀၀၀ ကျော် ထောက်ပံ့တဲ့ အစီအစဉ်ကို ဖျက်သိမ်းတော့မှာမို့ ကိုယ်ဝန်ဆောင် ဒီဇင်ဘာ ၃၁ ရက်နေ့ ညသန်းခေါင်မတိုင်ခင် မွေးပေးဖို့ ဆရာဝန်တွေကို အတင်းခိုင်းနေကြပါတယ်။