ရုရှ ရေနံသူဌေး နောက်ထပ် ထောင်ခြောက်နှစ်ကျ

  • 31 ဒီဇင်ဘာ 2010
Khodorkovsky
Image caption ထောင်ဒဏ် နောက်ထပ် ခြောက်နှစ် ကျသွားတဲ့ ရေနံ သူဌေး ကိုဒိုကော့ဗစကီး

ရုသျှနိုင်ငံမှာ ရေနံ လုပ်ငန်းရှင်ဟောင်း မစ်ခေး ခိုဒိုကော့ဗစကီကို ရုသျှ တရားရုံးက ထောင်ဒဏ် နောက်ထပ် ခြောက်နှစ် ပြစ်ဒဏ် ချမှတ်လိုက်တာကို နိုင်ငံတကာက ဝိုင်းဝန်း ဝေဖန်ခဲ့ပါတယ်။

ရုသျှ ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင်ရဲ့ ပြိုင်ဘက် ခိုဒိုကော့ဗစကီကို ငွေခဝါချမှု၊ ခိုးမှုတွေနဲ့ ၂၀၁၇ ခုနှစ်ထိ အကျဉ်းချထားဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

သူ့ကို အစက အခွန်ရှောင်မှုနဲ့ ထောင်ဒဏ် ရှစ်နှစ်ချမှတ်ထားရာမှာ ခုရှစ်နှစ် ပြည့်ခါနီးမှာ နောက်ထပ် အမှုတွေနဲ့ ထောင်ဒဏ် သက်တမ်း ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။

ထောင်ဒဏ် အသစ်ထပ်ချမှုဟာ ရုသျှ တရားစီရင်ရေးစနစ်ကို လုပ်ချင်သလို လုပ်နေတာကို ပြနေပုံရတယ်လို့ အမေရိကန်က ပြောပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကဲက ခုပြစ်ဒဏ်မှာ နိုင်ငံရေး နောက်ခံ အကြောင်းတွေ ရှိနေပုံရတယ်လို့ ပြောပြီး ဗြိတိန်ကလည်း ခုစီရင်ချက်ကြောင့် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဥရောပက တခြား နိုင်ငံတွေကလည်း ဒီစီရင်ချက်ကို ပြစ်တင်ရှုံ့ချခဲ့ပါတယ်။