ကန်အောက်လွှတ်တော် အမတ် သေနတ်နဲ့ ပစ်ခံရ

  • 9 ဇန်နဝါရီ 2011
Injured
Image caption ပစ်ခတ်မှုမှာ ဒဏ်ရာ ရသူတွေကို ထမ်းစင်နဲ့ ခေါ်ထုတ်လာပုံ

အမေရိကန် နိုင်ငံ အရီဇိုးနား ပြည်နယ် အောက်လွှတ်တော် အမတ် ဂေဘရီယယ် ဂစ်ဖွတ်စဟာ လူထု တွေ့ဆုံပွဲ တခုမှာ ခေါင်းကို အနီးကပ် သေနတ်နဲ့ ပစ်ခံ ခဲ့ရပါတယ်။

သေနတ်သမားရဲ့ ကျည်ဟာ ဦးနှောက်ကို ဖောက်ဝင်သွားပြီး ဆေးရုံ အရေးပေါ်ဌာနမှာ ကုသမှု ပေးနေပြီး အခြေအနေ စိုးရိမ်ရတယ်လို့ သတင်းရရှိပါတယ်။

ဒီပစ်ခတ်မှုမှာ အသက်ကိုးနှစ် အရွယ် မိန်းခလေး တယောက်နဲ့ ပြည်နယ် တရားသူကြီး တဦးအပါအဝင် လူငါးယောက်ထက်မနည်း သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာ ရသွားခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီ အမတ် ဂေဘရီယယ် ဂစ်ဖွတ်စဟာ ပြည်နယ်မြို့တော် တပ်စကင်မြို့က ဆူပါမားကက်တခု အပြင်ဘက်မှာ လူတွေနဲ့ တွေ့ဆုံ စကားပြောနေတုန်းမှာ သေနတ်သမား တယောက်ရဲ့ ပစ်ခတ်တာ ခံခဲ့ရပါတယ်။

လွှတ်တော် အမတ် အမျိုးသမီးဟာ အသက် လေးဆယ်ပဲ ရှိသေးပြီး ၂၀၀၇ ခုနှစ်က စပြီး အောက်လွှတ်တော် အမတ် ဖြစ်လာခဲ့ပြီး သူ့ခင်ပွန်းဟာ အာကာသ လွန်းပျံယာဉ် ထိန်းချုပ် မောင်းနှင်သူ ယာဉ်မှုး မတ်ကယ်လီ ဖြစ်ပါတယ်။

သေနတ်သမားဟာ မောင်းပြန်သေနတ်နဲ့ အတွဲလိုက် ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပြီး နောက်ပိုင်းမှာ ရဲက အသက်နှစ်ဆယ်အရွယ် Jared Loughner ဆိုသူကို ဖမ်းဆီးထားပါတယ်။

သမ္မတ အိုဘားမားကတော့ ဒီပစ်ခတ်မှုဟာ တနိုင်ငံလုံးအတွက် ကြေကွဲဖွယ်ရာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။