ရေနံတွင်း ပြုပြင်ပြောင်းလဲရေး အကြံပြုချက်ပေး

  • 12 ဇန်နဝါရီ 2011
BP
Image caption ရေနံယိုဖိတ်မှု မီးလောင်နေပုံ

ပြီးခဲ့တဲ့နှစ်က မက္ကဆီပင်လယ်ကွေ့က ရေနံတွင်းမှာ အကြီးအကျယ် ရေနံယိုစိမ့်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတက ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီလုပ်ငန်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အကြံပြုလိုက်ပါပြီ။

အဲဒီရေနံယိုစိမ့်မှုမှာ အစိုးရပိုင်းရော လုပ်ငန်းရှင်တွေဘက်မှာပါ အပြစ်မကင်းဘူးလို့ ကော်မရှင်ဥက္ကဌတစ်ဦးက ပြောလိုက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ပြုပြင်ပြောင်းလဲဖို့ လုပ်ရမယ်လို့ ဆိုပါတယ်။ အဲဒီအကြံပြုချုပ်တွေထဲမှာ အစိုးရပိုင်းက ဆိုရင် တင်းကျပ်တဲ့ စည်းမျဉ်းတွေချရမယ်၊ ဗဟိုအစိုးရဌာနတွေအတွက် သင်တန်းပေးတာ၊ ဘတ်ဂျက်တိုးချတာတွေ ပိုလုပ်ရမယ်လို့ ဆိုပါတယ်။

၁၉၈၈ ခုနှစ်တုန်းက မြောက်ပင်လယ်တွင်းက ရေနံတွင်းမှာ ဘေးအန္တရာယ်ဖြစ်တုန်းက ချမှတ်ခဲ့သလိုမျိုး အလားတူစည်းမျဉ်းတွေ ချမှတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ရေနံတွင်းမတူးခင်ကတည်းက အန္တရာယ်ရှိနိုင်တာမှန်သမျှကို ကုမ္ပဏီတွေအနေနဲ့ အကဲဖြတ်ရမယ်၊ ကွန်ဂရက်လွှတ်တော်ကနေ လွတ်လပ်တဲ့ ဘေးကင်းလုံခြံရေးအဖွဲ့တစ်ခု ဖွဲ့ရမယ်လို့ ကော်မရှင် တွဲဘက်ဥက္ကဌ ဝီလျံ ရေလီ က ပြောပါတယ်။

ဒီလုပ်ငန်းအတွင်းက လူတွေ စီမံအုပ်ချုပ်တဲ့ အဖွဲ့မျိုး လိုတဲ့အကြောင်း ပြောပါတယ်။ အဲဒီအဖွဲ့ကနေ ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်တွေကို အဆင့်သတ်မှတ်ပြီး အကဲဖြတ်တာတွေလုပ်ဖို့ တိုက်တွန်းတယ်လို့ မစ္စတာ ရေလီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလက ဘီပီရေနံတွင်း ယိုစိမ့်မှုမှာ ရေနံ ဂါလံ သန်း ၂၀၀ လောက် ပင်လယ်ထဲကို ရောက်ရှိခဲ့ပြီး အဲဒီအဖြစ်အပျက်အကြောင့် မဂ္ဂဆီကို ပင်လယ်ကွေ့ကမ်းခြေတွေမှာ ရေရှည်ထိခိုက်နိုင်စရာ ရှိနေပါတယ်။