သြစတြေးလျ ရေကြီးမှု

  • 12 ဇန်နဝါရီ 2011
AUSTRALIA
Image caption ဘရစ်ဘိန်း က ရေလွှမ်းမှု ဧရိယာ ပို ကျယ်ပြန့် လာ

သြစတြေးလျ နိုင်ငံဟာ ဆယ်စုနှစ် များစွာ အတွင်း အဆိုးဝါးဆုံးသော ရေကြီး မှုနဲ့ ကြုံနေ ရပြီး နိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ ဖြစ်တဲ့ ဘရစ်ဘိန်း မြို့ ရဲ့ နေရာ တော်တော် များများ မှာ ရေလွှမ်း နေပါ တယ်။

တဖြည်းဖြည်း မြင့်တက် လာတဲ့ ရေကြောင့် ထောင်နဲ့ချီ တဲ့ လူပေါင်း များစွာ ဟာ ရေဘေး လွတ်ရာ ကို ထွက်ပြေး နေရ ပါတယ်။

ဒေသ စံတော်ချိန် ကြာသပတေး နေ့ မနက် အစောပိုင်း မှာ အိမ်ပေါင်း အနည်းဆုံး ၂သောင်း ၅ ထောင် လောက် ရေမြှုပ် သွားပြီ လို့ မှန်းဆ နေကြ ပါတယ်။

ရေဘေး လွတ်အောင် အိမ်ခေါင်မိုး ပေါ်တက်ပြီး နေ နေရ တဲ့ ဘရစ်ဘိန်း က မြို့ခံ တဦးက အရင်က စိမ်းစို ပြီး သာယာတဲ ဒီမြို့ ဆင်ခြေဖုံး ဒေသ မှာ အခုတော့ လုံးဝ ကြေပြုန်း ပျက်ဆီးမှု တွေကို ပဲ တွေ့ နေရပါတယ်၊ အိမ်တွေ ဆိုလဲ အမိုး တွေကိုပဲ မြင်ရ တော့တယ်၊ သစ်ပင် တွေ လည်း ထိပ်ဖျား ပိုင်းတွေ ပဲ မြင်ရ ပါ တော့တယ်၊ ကားတွေ လဲ ရေထဲ မျောနေပြီ လို့ အဲဒီ က အခြေအနေ တွေကို ဘီဘီစီ ကို ပြောပြ ပါတယ်။

ရေထဲမှာ မြွေတွေ မျောပါ လာတာ၊ တခါ ဆို ငါးမန်း တကောင် တောင် တွေ့လိုက် ရတယ် လို့ ရေကြီး အထဲ ပိတ်မိ နေကြတဲ့ ဒေသခံတွေ က ပြောပြ ကြ ပါတယ်။

သြစတြေးလျ မှာ ရေကြီးတဲ့ ဒဏ်ကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး ခဲ့ပြီ ဆိုတဲ့ သတင်း တွေ လည်း ရရှိခဲ့ ပါတယ်။