ဆူဒန် အတိုက်အခံ ခေါင်းဆောင် AFP နဲ့ အင်တာဗျုးပြီးတာနဲ့ အဖမ်းခံရ

  • 18 ဇန်နဝါရီ 2011
Image caption ဆူဒန် အတိုက်အခံ ခေါင်းဆောင် မစ္စတာ တူရာဘီ

ဆူဒန်နိုင်ငံမှာ စစ်ပြန် အစ္စလာမ်ဝါဒီ အတိုက်အခံ ခေါင်းဆောင် Hassan al-Turabi ကို Khartoum မြို့က သူ့နေအိမ်မှာ အာဏာပိုင်တွေက လာရောက်ဖမ်းဆီး သွားတယ်လို့ သိရပါတယ်။

ဆူဒန်နိုင်ငံမှာ စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေကြရတာကြောင့် တူနီးရှားမှာလို လူထုပါဝင်တဲ့ အုံကြွမှုကြီး အလားတူ ဖြစ်လာနိုင်တယ်လို့ AFP သတင်းဌာနက မစ္စတာ Turabi က ပြောကြားပြီး နာရီပိုင်း အလွန်မှာ အခုလို အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

တချိန်တုန်းက သမ္မတ Omar al-Bashir နဲ့ မိတ်ဆွေ ဖြစ်တဲ့ မစ္စတာ Turabi တူရာဘီဟာ အရင်ကလည်း မကြာခဏ ဆိုသလို ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။