အမေရိကန်မှာ အကြီးမားဆုံး ဒုစရိုက်ဂိုဏ်း ဖြိုခွင်းမှု

  • 21 ဇန်နဝါရီ 2011
Image caption အမေရိကန် ရှေ့နေချုပ် Eric Holder

အမေရိကန် ပြည်ထောင်စုမှာ လူ ၁၂ဝ ကျော်ကို ဖမ်းဆီးခဲ့ပြီး ရှေ့နေချုပ် Eric Holder ရဲ့ အခေါ်အရ တရက်အတွင်း အကြီးမားဆုံး လူဆိုးဂိုဏ်း နှိမ်နင်းမှု လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

နယူးယောက်မြို့ ပတ်ဝန်းကျင် တဝိုက်မှာ အကွက်ချ စီစဉ်ပြီး ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ လူဆိုးဂိုဏ်းကြီး ငါးခုကို ပစ်မှတ်ထား နှိမ်နင်းတဲ့ ဒီစစ်ဆင်ရေးကို ရဲ နဲ့ ပြည်နယ်အရာရှိ အယောက် ရှစ်ရာ ပါဝင် ဆင်နွှဲခဲ့ ရပါတယ်။

အခု အဖမ်းခံရသူ တွေဟာ ဆယ်စုနှစ်နဲ့ ချီပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အတွက် တရားစွဲခံကြရမှာ ဖြစ်တယ်လို့ မစ္စတာ ဟိုလ်ဒါက ဆိုပြီး ဒါကို ခိုးဆိုး လုယက်မှုတွေကို စံမူနာ တင်လောက်အောင် ဖြိုခွင်းလိုက်တာလို့လည်း ပြောပါတယ်။