နာရေး အသင်း အလှုရှင်တွေ အတွက် ဗီစီဒီ ရိုက်

  • 23 ဇန်နဝါရီ 2011
kyaw_thu
Image caption ဦးကျော်သူ

နာရေးကူညီမှု အသင်း က အလှူရှင်များ ကို ဂုဏ်ပြုလက်ဆောင် ပေးဖို့ အတွက် ဗီစီဒီ ရိုက်ကူးနေပါတယ်။

ဒီ အခွေထဲမှာ လူမှုရေး၊ နာရေး နဲ့ အနိစ္စတို့ နဲ့ ပတ်သက်တဲ့ သီချင်းတွေနဲ့ လူမှုရေး သမားတွေ ဘယ်လို ဘယ်ပုံ ပေးဆပ်ရပုံတွေနဲ့ ပတ်သက်လို့ ရေးစပ်ထား တဲ့ သီချင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

အဆို ဆောင်းဦးလှိုင် ပါဝင် ရေးသားပြီး ကိုရဲလွင်၊ အလင်္ကာ၊ နိုင်ဇော် တို့ တီးခတ်ထားပြီး မေခလာ၊ အနဂ္ဂ၊ ကျားပေါက်၊ သားထွေး၊ ကောင်းပြည့်၊ ရိန်မိုး နဲ့ ရည်မွန်လမင်းတို့လဲ ပါဝင်သီဆို ထားပါတယ်။

အသံဖမ်း အင်ဂျင်နီယာများ နဲ့ အသံဖမ်း စတူဒီယို များ အပါအဝင် အနုပညာ ရှင် အများအပြားက ဒါန ပြုထား ကြပါတယ်။

အလှူရှင်တွေကို အမှတ်တရ အနေနဲ့ ပေးတဲ့ကန့်သတ် အနေနဲ့ ထုတ်တာဖြစ်လို့ ရောင်းစားမှာလဲ မဟုတ်တဲ့ အတွက် အစိုးရ ဆီကတော့ ခွင့်ပြုချက် ယူစရာ မလိုဘူးလို့ အသင်း ဥက္ကဌ ဦးကျော်သူက ပြောပါတယ်။

ဒီအခွေ အတွက် နာမည်တော့ မရွေးရသေး ပေမယ့် လူမှုရေး ဂီတ သူရဲကောင်းများလို့ ပေးဖို့ စဉ်းစားထားတယ်လို့ အသင်းဥက္ကဌ ဦးကျော်သူက ပြောပါတယ်။

လာမယ့် မတ်လ ထဲမှာ ဆယ်နှစ်ပြည့် အခမ်းအနား ပြုလုပ်တဲ့ အခါ မှာ စပြီး ပေးဝေမယ်လို့ စိတ်ကူးထားတယ်လို့လည်း ဦးကျော်သူက ပြောပါတယ်။