အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စာရွက်စာတမ်း ပေါက်ကြား

  • 24 ဇန်နဝါရီ 2011
Image caption ပါလက်စတိုင်း ဖက်က စေ့စပ် ညှိနှိုင်းရေးမှူး မာမွတ် အာဘတ်စ်

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်စာရွက် စာတမ်းတွေ ပေါက်ကြားခဲ့ပြီး အဲဒီအထဲမှာ အရှေ့ဂျေရုဆလင်က တရားမဝင် အိမ်ယာစခန်း ဆောက်လုပ်မှုတွေ ထဲက တခုကလွဲလို့ ကျန်တဲ့ အစ္စရေးရဲ့ သိမ်းပိုက်မှုတွေကို လက်ခံဖို့ ပါလက်စတိုင်း စေ့စပ် ညှိနှိုင်းရေးမှူး တွေက သီးခြားတွေ့ဆုံပြီး သဘောတူကြောင်း ကမ်းလှမ်းခဲ့ကြတယ်လို့ ဖော်ပြ ထားပါတယ်။

အဲဒီ စာရွက်စာတမ်းပါ အချက်အလက်တွေ အရ အခုလို မမျှော်လင့်တဲ့ ကမ်းလှမ်းချက်ကို ၂ဝဝဂခုနှစ်တုန်းက ပါလက်စတိုင်း အာဏာပိုင်တွေက လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဲဒီတုန်းက ဒီကမ်းလှမ်းချက်ကို အစ္စရေးဖက်က ပယ်ချခဲ့ပြီး ဘာမှ ပြန်လည် ကမ်းလှမ်းခြင်း မရှိခဲ့ပါဘူး။

ပါလက်စတိုင်း ဖက်က ပြုစုထားတဲ့ အခုလို ပေါက်ကြားလာတဲ့ စာရွက် စာတမ်းတွေကို အာရပ်သတင်းဌာနဖြစ်တဲ့ အယ်လ်ဂျာဇီးယားနဲ့ လန်ဒန် အခြေအစိုက် ဂါးဒီးယန်း သတင်းစာတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။