အီဂျစ် ဆန္ဒပြမှုကို ရဲက အင်အားသုံး ဖြိုခွင်း

  • 26 ဇန်နဝါရီ 2011
Image caption ဆူပူမှု ဖြစ်နေတဲ့ အီဂျစ် နိုင်ငံက မြင်ကွင်း

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့နဲ့ တခြားမြို့ကြီးတွေမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ တွေကို မျက်ရည်ယိုဗုံးတွေ ၊ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲခဲ့တယ်လို့ အဓိကရုန်း နှိမ်နင်းရေး ရဲတွေက ပြောပြီး တူနီးရှားက ဆူပူမှုတွေက အီဂျစ်က ဆန္ဒပြသူတွေကို စေ့ဆော် ပေးသလို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Cairo မြို့က အဓိကရုန်း ဖြစ်ပွားမှု တွေမှာတော့ ပါလီမန် အပြင်ဘက်က ဆန္ဒပြ လူစုကို ဖြိုခွဲဖို့ ရဲက ကြိုးစားရင်း ရဲအရာရှိ တယောက် သေဆုံးခဲ့ရတယ် လို့ သတင်း ရရှိပါတယ်။

Suez မြို့မှာလည်း ထောင်သောင်း ချီတဲ့သူတွေဟာ သမ္မတ မူဘာရက် နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပြီး အဲဒီမှာ ဆန္ဒပြသမား နှစ်ယောက် သေဆုံး သွားပါတယ်။

လူထုက သမ္မတ မူဘာရက် အစိုးရအပေါ် ယုံကြည်မှု နည်းလာတဲ့ အပေါ် စိုးရိမ် ပူပန်ကြောင်းနဲ့ ဆန္ဒပြ ပြည်သူတွေရဲ့ လိုအပ်ချက် တွေကို တုန့်ပြန် ဖြေရှင်း ပေးသင့်တယ်လို့ အီဂျစ်ရဲ့ အနောက်အုပ်စုဝင် အဓိက မိတ်ဆွေနိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။