အရှေ့အလယ်ပိုင်း ဆွေးနွေးပွဲ ပေါက်ကြားတဲ့ သတင်းတွေ ထုတ်ပြန်ဆဲ

  • 26 ဇန်နဝါရီ 2011
Image caption ပါလက်စတိုင်း ဖက်က အဓိက ညှိနှိုင်းရေမှူး Saeb Erekat

အရှေ့အလယ်ပိုင်း ဆွေးနွေးပွဲဆိုင်ရာ လျှို့ဝှက် စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့တဲ့ အထဲက နောက်ထပ် သတင်း အချက်အလက်တွေကို ကာတာ အခြေစိုက် အယ်ဂျားဇီးယား သတင်းဌာနနဲ့ ဗြိတိန်က ဂါးဒီးယန်း သတင်းစာ တို့မှာ ဖော်ပြခဲ့ပါတယ်။

ပါလက်စတိုင်းနယ်မြေထဲမှာ ဥပဒေစိုးမိုးဖို့နဲ့ အုပ်ချုပ်တဲ့ အဖွဲ့အစည်း တခုတည်း ရှိစေဖို့ ပါလက်စတိုင်းတွေ အသက်ပေးရလိမ့်မယ်လို့ ၂ဝဝ၉ခုနှစ် တုန်းက အမေရိကန် အရာရှိတယောက်ကို ပါလက်စတိုင်း ဖက်က အဓိက ညှိနှိုင်းရေးမှူး Saeb Erekat က ပြောကြောင်း ပေါက်ကြားထွက်လာတဲ့ သတင်းတွေ အရ သိရပါတယ်။

အခုလက်ရှိ ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်အဖွဲ့ကို ၂ဝဝ၄ ခုနှစ်တုန်းက ဗြိတိသျှ ထောက်လှမ်းရေးအဖွဲ့ MI6 က ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းဖို့ စီစဉ်ခဲ့တယ်လို့လည်း ဆိုပါတယ်။