ငြိမ်းချမ်းရေး လှုပ်ရှားမှု ဒဂုန်တာရာ စေ့ဆော်

  • 16 ဖေဖော်ဝါရီ 2011
dagon_taya ဓာတ်ပုံ မူပိုင် burmese
Image caption လက်နက် နဲ့ မတိုက် ပဲ စကားပြော ကြလို့ ဒဂုန် တာရာ က ပြော

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လှုပ်ရှားမှု လုပ်ကြဖို့ စာရေးဆရာကြီး ဒဂုန် တာရာ က စတင် စေ့ဆော် လိုက်ပါတယ်။

ပြည်တွင်းစစ်မီး ပြန်တောက်လာမယ့် အရိပ် အယောင် တွေ တွေ့လာ နေရလို့ အခုလို ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကိစ္စတွေ ကို ပြောဆို ရတာ ဖြစ်ကြောင်း လူအများ လေးစားကြတဲ့ စာရေးဆရာ ဒဂုန် တာရာ က ဘီဘီစီ ကို ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အစိုးရ က လုပ်ချင် တဲ့ နယ်ခြားစောင့်တပ် ကို မလိုလားတဲ့ အတွက် အခု စစ်ပွဲတွေ ပြန်ဖြစ်နေတာ ကို ကြား နေရတယ်။

ဒီကနေ ပြည်တွင်း စစ်မီး ပြန်တောက်လာမှာ ကို စိုးရိမ်တဲ့ အတွက် လူငယ်တွေက ငြိမ်းချမ်း ရေး ကော်မီတီ ဒါမှမဟုတ် အဖွဲ့ ဖွဲ့ ကာ လှုပ်ရှား စေလိုတဲ့ ဆန္ဒ သူ့မှာ ရှိတဲ့ အတွက် အခုလို အစပြု ပြောတာ ဖြစ်ကြောင်း ပြောပါတယ်။

အနုပညာရှင် တွေ အသိပညာရှင်တွေ အခု ငြိမ်းချမ်းရေး လှုပ်ရှားမှု မှာ ပါဝင်လာကြမယ် လို့ လည်း သူ မျှော်လင့် တယ် လို့ ဆိုပါတယ်။

အရင် လွတ်လပ်ရေး ရပြီးစ ကာလ ပြည်တွင်းစစ်မီးတောက်ချိန် ကာလ တုန်း ကလည်း သခင်ကိုယ်တော်မှိုင်း ရဲ့ ဦးဆောင်မှု အောက်မှာ ဒဂုန်တာရာ အပါအဝင် ပုဂ္ဂိုလ်တွေ ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ ဖွဲ့စည်း ကာ လှုပ်ရှားခဲ့ ကြဖူးပါတယ်။

ဒါပေမယ့် အဲဒီ အချိန် က အစိုးရ ပိုင်း က လက်မခံ ခဲ့တဲ့ အတွက် သူတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ အောင်မြင်မှု မရ ခဲ့ပါဘူး။

အခု အကြိမ် မှာ လည်း အောင်မြင်မှု ရနိုင်ဖို့ ခက်ခဲ ပေမယ့် နိုင်ငံ ရဲ့ လိုအပ်ချက် အရ လုပ်ဖို့ လို နေတယ် လို့ ဒဂုန်တာရာ က ပြောပါတယ်။