လာမယ့် ဘဏ္ဍာရေးနှစ် ဘတ်ဂျက် မှာ ကာကွယ်ရေး အတွက် က အများဆုံး

  • 27 ဖေဖော်ဝါရီ 2011
general parliament ဓာတ်ပုံ မူပိုင်
Image caption နိုင်ငံတော် ဘတ်ဂျက် က သတ်မှတ် ပြီး ဖြစ်

လာမယ့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်း ကဏ္ဍ အလိုက် အစိုးရ က သုံးစွဲ မယ့် ဘတ်ဂျက် ခွဲဝေမှု စာရင်း ကို တွက် ချက် ကြည့်လိုက် ရင် နိုင်ငံ သုံးငွေ စုစု ပေါင်း ရဲ့ ၂၁ ရာခိုင်နှုန်း ကျော် ကို ကာကွယ် ရေး အတွက် သုံးစွဲမှာ ဖြစ်ပြီး ပညာရေး အတွက် ၅ ရာခိုင်နှုန်း၊ ကျန်းမာ ရေး အတွက် ၁ ဒသမ ၄ ရာခိုင် နှုန်း သုံးစွဲ မှာ ဖြစ်ပါတယ်။

နိုင်ငံ ရဲ့ အဓိက စီးပွားရေး ကဏ္ဍ ဖြစ်တဲ့ စိုက်ပျိုးရေး နဲ့ ဆည်မြောင်း ဖက်မှာ သုံးမယ် လို့ လျာထား မှု က သုံးငွေ စုစုပေါင်း ရဲ့ ၄ ရာခိုင်နှုန်း ပါ။

စွမ်းအင် ပိုင်း မှာတော့ ၁၅ ရာခိုင်နှုန်း သုံးစွဲ မှာပါ။

ဧပြီလ ၁ ရက် နေ့ က စတင်ပြီး အသက်ဝင်မယ့် အခုဘတ်ဂျက် ရဲ့ သုံးငွေ ပိုင်း မှာ သာမန် သုံးငွေ နဲ့ ငွေလုံးငွေရင်း သုံးငွေ ဆိုပြီး ၂ ပိုင်းရှိရာမှာ ငွေလုံးငွေရင်း သုံးငွေ က အသစ် ရင်းနှီး မြှုပ်နှံ တဲ့ ငွေ ပမာဏ ကို ဖော်ပြတာ ကြောင့် နိုင်ငံ စီးပွားတိုးတက် ရေး ဖြစ်နိုင် မဖြစ် နိုင် သုံးသပ်နိုင်အောင် အဲဒီ ပမာဏ ကို ဦးစားပေး ပိုကြည့် သင့် တယ် လို့ မြန်မာ စီးပွားရေး ပညာရှင် တဦး က ပြော ပါတယ်။

နိုင်ငံ ရဲ့ အခု ဘတ်ဂျက် မှာ သာမန် သုံးငွေ ပမာဏ ကျပ် သန်း ဘီလီယံပေါင်း ၄ ၂၀၀ ကျော် ရှိပြီး၊ ငွေလုံးငွေရင်း သုံးငွေ ကျပ်သန်း ဘီလီယံ ၂၀၀၀ ကျော် ရှိပါတယ်။

အခု အစိုးရ ဘတ်ဂျက် ခွဲဝေမှု မှာ ငွေလုံးငွေရင်း သုံးငွေ ပိုင်း ကို ခွဲခြား ကြည့်ရင် ကာကွယ် ရေး အသုံး စားရိတ် က ၄၃ ရာခိုင်နှုန်း ရှိ နေပါတယ်။

ဇန်နဝါရီ လ ၂၇ ရက်နေ့ ရက်စွဲ နဲ့ နအဖ အနေနဲ့ ဇန်နဝါရီ လ ၂၇ ရက်နေ့ မှာ နိုင်ငံတော် ၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေ ထုတ်ခဲ့ ကြောင်း သတင်း တွေထွက် ပေါ်ခဲ့ပြီးတဲ့ နောက် အဲဒီ ဥပဒေ မှာ ပါဝင်တဲ့ လာမယ့် ဘဏ္ဍာရေး နှစ် ဘတ်ဂျက် ခွဲဝေမှု စာရင်း မှာ အခု လို ဖော်ပြထား တာပါ။

ရှေ့လာမယ့် ဘဏ္ဍာရေးနှစ် အတွက် ဘတ်ဂျက် ကို လက်ရှိ လွှတ်တော် နဲ့ ဖြစ်လာမယ့် အစိုးရ က ဆုံးဖြတ် ရမှာ ဖြစ်ပေမယ့် အခုတော့ နအဖ အစိုးရ က ကြိုတင် လုပ်ပြီး ကြိုတင် စီမံ ခန့်ခွဲ ခဲ့တာပါ။

ဒါနဲ့ ပတ်သက်ပြီး ဘတ်ဂျက် ပြင်ဆင် ဖို့ လွှတ်တော် အတွင်း ပြန် ဆွေးနွေး ကြမှာလား ဆိုတာ က လည်း မရေမရာ အခြေအနေပါ။

မြန်မာပြည် လို ဖွံ့ဖြိုးဆဲ နိုင်ငံ တနိုင်ငံ အဖို့ ပညာရေးပိုင်း ရင်းနှီးမြှုပ်နှံမှု ကို ဦးစားပေး လုပ်ဆောင် သင့် ပြီး၊ အခု လျာထားတဲ့ ပမာဏ ထက် များစွာ ပိုသုံးသင့် တယ် လို့ စီးပွားရေး ပညာရှင် က သုံးသပ်ပါတယ်။