အဓမ္မကျင့်ခံနေရတဲ့ ပြည်ပရောက် မြန်မာ အမျိုးသမီးတွေ

  • 1 မတ် 2011
thai_rape_2011_march ဓာတ်ပုံ မူပိုင် burmese
Image caption မသင်္ကာလို့ ဖမ်းထားတဲ့ ထိုင်း ၃ ဦး (ဓာတ်ပုံ ထိုင်း ဖူးဂျက်ကန်း သတင်းစာ)

မြန်မာနိုင်ငံ ကနေ နိုင်ငံရပ်ခြားမှာ သွား ရောက် အလုပ်လုပ်ကြသူတွေ အနေနဲ့ အကာအကွယ် မဲ့ နေရတဲ့ အဖြစ်မျိုး တွေ ကြုံတွေ့ နေရဆဲပါ။

ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဖုန်း ခရိုင်တွင်း က ရာဘာခြံတခု မှာ အလုပ်လုပ် နေကြတဲ့ မြန်မာ အလုပ် သမား လင်မယား ၂ဦး ကို ထိုင်း ဓားပြ တွေ က ဝင် ရောက် တိုက်ခိုက် ကာ အမျိုးသမီး ကို အဓမ္မကျင့် ပြီး နောက် သတ်ဖြတ် ခဲ့ တဲ့ အမှု ပြီးခဲ့တဲ့ စနေနေ့ ည က ဖြစ်ပွားခဲ့ ပါတယ်။

ယောင်္ကျား ဖြစ်သူ ကို လည်း ဓားပြ တွေက ပစ်သတ်ခဲ့ ပေမယ့် အသက်မသေ ပဲ လွတ် မြောက် ခဲ့ပါတယ်။

ဒီနေ့ အင်္ဂါနေ့ ကတော့ အဲဒီအမှု တွေကျုးလွန် တယ် လို့ မသင်္ကာ ခံရသူ ထိုင်း လူငယ် ၃ ဦး ကို ထိုင်း ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ ပါတယ်။

ဒီနေ့မှာ ပဲ လွန်ခဲ့တဲ့ ၁ နှစ် ခွဲ လောက် က မြန်မာပြည်သား ရှမ်းအမျိုးသမီး တဦး ကို အဓမ္မ ပြုကျင့် မှု နဲ့ ထိုင်း ရဲတပ်ဖွဲ့ဝင် တဦး ကို ထိုင်း တရားရုံး တခု က ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

ထိုင်းနိုင်ငံ မှာ နေထိုင်ခွင့် လက်မှတ် မရှိတဲ့ အဲဒီ အမျိုးသမီး ကို ဖမ်းပြီး သူနဲ့ အတူ အိပ်ဖို့ အကြပ်ကိုင် ခဲ့တဲ့ ထိုင်း ရဲ ဒုအရာခံဗိုလ် ဖိုင်းရတ် စီဘွားစွမ်း ကို အခုလို အရေး ယူ ခဲ့ တာပါ။

မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့ မှာ ကျောင်းတက် နေတဲ့ ကျောင်းသား တွေ မနေ့ တနင်္လာ နေ့ က သူတို့ နေထိုင်ရာ အခန်း အတွင်း သီချင်း ဆိုနေ တာ ကို အရပ်ဝတ် နဲ့ မလေးရှား ရဲတွေ ရောက် လာပြီး ပါးရိုက် တဲ့ အထိ ကိုယ်ထိ လက်ရောက် ပြုမူ သွားတဲ့ အတွက် မလုံခြုံ သလို ခံစား နေရကြောင်း ဘီဘီစီ ကို အဲဒီ ကျောင်းသား တွေ ထဲ က တဦး က ပြောပြပါတယ်။