နိုင်ငံတကာ အမျိုးသမီးများနေ့

  • 6 မတ် 2011
womensday
Image caption မနီလာမြို့မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် ချီတက်နေကြစဉ်

မတ်လ ၈ ရက်နေ့မှာ ကျရောက်မဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အကြိုအဖြစ် မြန်မာနိုင်ငံ အတွင်းမှာ အမျိုးသမီး တွေ အပေါ်မှာ ခွဲခြားဆက်ဆံ မှုတွေ ရှိသလား ဆိုတာကို စာရေး ဆရာမ မေငြိမ်းနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဆရာမ မေငြိမ်းက ပညာရေး လောကမှာတော့ ကျောင်းဆရာမ ကအများစု ဖြစ်နေလို့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံ တာမျိုး မရှိလောက်ဘူး လို့ ထင်စရာ ရှိပေမယ့် အုတ်ချုပ်ရေး ပိုင်း နဲ့ ပတ်သက် လာရင်တော့ အမျိုးသားတွေကိုပဲ ဦးစားပေး ရွေးချယ်တာ ကြုံခဲ့ရကြောင်း၊ ဒါကြောင့် ဆရာမတွေ ဘက်က အုပ်ချုပ်ရေး ပိုင်းမှာပါ ထဲထဲ ဝင်ဝင်နေရာ ယူနိုင်တဲ့ အထိကြိုးစားပြီး အရည်အချင်းပြဖို့ လိုကြောင်း ပြောပါတယ်။

စာပေလောကမှာတော့ အမျိုးသား၊ အမျိုးသမီး ရယ်လို့ ခွဲခြားတာမျိုး မရှိဘဲ စာပေစီစစ်ရေးက ထိန်းချုပ်ထားကြောင်း၊ စာမရေးခင်မှာ စီစစ်ရေးနဲ့ လွတ်ပါ့မလားလို့ အမြဲ စဉ်းစားခဲ့ရကြောင်း နဲ့ ပြည်ပ ရောက်စ မှာလဲ ဒီ အကျင့်က စွဲနေခဲ့လို့ အစပိုင်း စာရေးရာမှာ ကသိကအောင့် ဖြစ်ခဲ့ရကြောင်း၊ နောက်မှာ လွတ်လပ်စွာ ရေးခွင့် ရှိတယ်ဆိုတာကို အသားကျလာမှ မိမိရဲ့ ခံစားချက်နဲ့ ဖြတ်သန်းမှုတွေ အကြောင်း ပွင့်ပွင့်လင်းလင်း ရေးနိုင်ခဲ့ ကြောင်းတွေ ကို ပြောပြပါတယ်။

ထိုင်းမှာ နေစဉ် ကတော့ နယ်စပ် ပညာရေး ကူလုပ်ခဲ့တဲ့ အတွေ့ အကြုံတွေနဲ့ မြန်မာ ဘာသာ စကားနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ကို ရေး ဖြစ်ခဲ့ကြောင်း ၊ နောက်ပိုင်းမှာ တချို့ ကိစ္စတွေမှာ စာဖတ် ပရိတ်သတ် ရပါစေဆိုပြီး ရည်ရွယ်တာထက် ကိုယ့် ခံစားချက်တွေကို ရသ မြောက်အောင် ရေးပြီး သတင်းစကား ပေးတာကို ပိုကောင်းမယ်လို့ ယူဆ တဲ့ အတွက်အမျိုးသမီးတိုင်းကို ခွန်အားသတ္တိ နဲ့ အသိပညာ ပေးဖို့ ရည်ရွယ်ပြီး ရေးတဲ့ အတွက် အမျိုးသမီး တရပ်လုံး ဆီကို သွားမယ်လို့ ထင်ကြောင်းပြောပြသွား ပါတယ်။