ပါကစ္စတန် ဗုံးပေါက်ကွဲမှု လူ ၂၀ သေဆုံး

  • 8 မတ် 2011
ဓာတ်ပုံ မူပိုင် STR AFP
Image caption ပေါက်ကွဲမှုကြောင့် တခြား လူ ၁ ရာကျော် ဒဏ်ရာ ရရှိသွားပါတယ်

ပါကစ္စတန်နိုင်ငံ အရှေ့ဘက်ပိုင်း ဖိုက်စလာဘတ်မြို့မှာ ကားဗုံးတလုံး ပေါက်ကွဲ ခဲ့လို့ အနည်းဆုံး လူ ၂၀ လောက် သေဆုံးသွားပြီး၊ နောက်ထပ် လူ ၁၀၀ ကျော် ကတော့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိ သွားပါတယ်။

သေဆုံးသူ အရေအတွက်ဟာ အခုထက် ပိုများ နိုင် ပြီး၊ ဒဏ်ရာရသူ အများစုဟာ အရေး ပေါ် အခြေ အနေမှာ ရှိနေတယ် လို့ ရဲက ပြောပါ တယ်။

ဗုံးပေါက်ကွဲမှု ဟာ ဖိုက်စလာဘတ်မြို့ရဲ့ လုံခြုံရေးဆိုင်ရာ အဆောက်အဦးတခု အနီး က သဘာဝဓါတ်ငွေ့ရည် ရောင်းတဲ့ဆိုင်မှာ ဖြစ်ပွား ခဲ့တာပါ။

ဓါတ်ငွေ့ဗူးတွေလည်း ပေါက်ကွဲ ထွက်ကုန်ကာ အဆောက်အဦ အတော်များများ အကြီး အကျယ် ထိခိုက် ပျက်ဆီးသွားပါတယ်။

ဒေသခံ လုံခြုံရေးတာဝန်ရှိသူ တဦးကတော့ သူ တာဝန်ကျချိန်မှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး၊ အဆောက်အဦ နံရံတွေ အကုန်လုံး ပြိုကျကုန်ကာ လူတွေ အများအပြား သေကြေ ဒဏ်ရာ ရသွား ကြတယ်လို့ ပြောပါတယ်။

ဓါတ်ငွေ့ဆိုင် ရဲ့ အပျက်အဆီး တွေကြားမှာ ကျောက်ခဲပုံ တွေ နဲ့ ကားတွေ က ထွက်လာတဲ့ သံချောင်းစတွေ ပြန့်ကျဲ နေတာကို ရုပ်မြင်သံကြား ကနေ ပြသ သွားပါတယ်။

တာလီဘန် သူပုန်တွေက ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာလို့ ပြောပါတယ်။

သူပုန်တွေဟာ မကြာခဏ ဆိုသလို ပါကစ္စတန်နိုင်ငံ မှာ ဗုံးခွဲတိုက်နေတာ ဖြစ်ပေမယ့် အခုလို ဖိုက်စလာဘတ်မြို့မှာ တိုက်ခိုက်တာကတော့ နှစ်ပေါင်း များစွာ အတွင်း ဒါ ပထမ ဦးဆုံး ဖြစ်ပါတယ်။