ဖူကူရှီးမား ပင်လယ်ရေမှာ ဓါတ်ရောင်ခြည်သင့်

  • 26 မတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဓါတ် အဆ ၁ ထောင် ကျော် မြင့်တက်နေပါတယ်

ပျက်ဆီးမှုတွေဖြစ်နေတဲ့ ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေးစက်ရုံ အနီးက ပင်လယ်ရေထဲမှာ ရေဒီယိုသတ္တိကြွဓါတ်တွေ အလွန်တရာ မြင့်မားနေတာကို စမ်းသပ် တွေ့ရှိရ တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။

ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဓါတ် ဟာ သတ်မှတ် ထားတဲ့ အဆင့်ထက်ကို အဆ ၁ ထောင်ကျော် မြင့်တက်နေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အိုင်အိုဒင်းဓါတ်ဟာ ရေထဲမှာ အလျှင်အမြန် ပျော်ဝင်သွားတာ ဖြစ်တဲ့အတွက် ခဏတာသာ အန္တရာယ် ရှိနေနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သို့သော်ငြားလည်း ဆီးဇီယံ သတ္တုဓါတ်တမျိုး၊ အများအပြားပါဝင်နေတာကိုလည်း စမ်းသပ် တွေ့ရှိရတဲ့အတွက် အဲဒီဓါတ်ကတော့ နှစ်ပေါင်းများစွာ အန္တရာယ်ရှိ နေနိုင်ပါတယ်။

ဒါပေမယ့်လည်း ပင်လယ် သတ္တဝါတွေကို ထိခိုက်စေတဲ့ အထောက်အထားတော့ မတွေ့ရ သေးဘူးလို့ ဂျပန်အစိုးရ အဖွဲ့ အတွင်းဝန်ချုပ် ယူကီအို အီဒါနိုက ပြောပါတယ်။

အခုအချိန်ကစပြီး ပင်လယ်ရေ ဓါတ်ရောင်ခြည်သင့်နေတဲ့ကိစ္စကို ပိုမိုစောင့်ကြည့်မှုတွေ လုပ်ရမယ်ဆိုတဲ့အကြောင်းကိုလည်း သူက ပြောပါတယ်။