ဆန္ဒပြမှုတွေ ဆီးရီးယား နိုင်ငံတလွှားကို ပြန့်နှံ့

  • 26 မတ် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption Damascus မြို့က ချီတက် ဆန္ဒပြမှုတွေ

ဆီးရီးယားနိုင်ငံ တလွှားက မြို့တွေမှာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ပိုမိုရရှိရေး အတွက် ထောင်သောင်းချီတဲ့လူတွေ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။

နိုင်ငံတောင်ပိုင်းက ဒရားမြို့မှာ သမ္မတဟောင်း Hafiz al-Assad ရဲ့ ရုပ်ထုကို မီးရှို့မှု ဖြစ်ပွားခဲ့ ပြီးတဲ့နောက် ပစ်ခတ်မှုတွေ ရှိခဲ့တာကြောင့် အနည်းဆုံး လူနှစ်ဆယ် သေဆုံးသွားတယ်လို့ ဆန္ဒပြ သမားတွေက ပြောပါတယ်။

သေနတ် ပစ်ခတ်မှု တွေကြောင့် ဒူးခေါင်းနဲ့ ပေါင်မှာ ဒဏ်ရာသူတွေအများအပြား ကျွန်တော် ကိုယ်တိုင် တွေ့ခဲ့ရပြီး သူတို့ဆေးရုံကို မလာရဲကြပါဘူး၊ အိမ်မှာဘဲ ကြိတ်ကုနေကြတယ် ၊ အာဏာပိုင်တွေကြောင့် ဆေးရုံကို လာရမှာ ကြောက်နေကြတယ်လို့ ဆရာဝန် တယောက်ဖြစ်တဲ့ မိုဟာမက်က ဘီဘီစီကို ပြန်ပြောပြပါတယ်။

ဒီနေ့ ဒရားမြို့ထဲကို ဘီဘီစီ အပါအဝင် သတင်းထောက်တွေကို ဝင်ခွင့် မပေးခဲ့ ပါဘူး။

Mouadamieh မှာ ဆိုရင် ဆန္ဒပြပွဲတွေကို လုံခြုံရေး တပ်ဖွဲ့က ရက်စက်စွာ နှိမ်နင်းခဲ့တာကြောင့် လူသုံးယောက် သေဆုံးသွား ခဲ့တယ်လို့ Damascus မြို့မှာ ဆန္ဒပြသမားတွေက ဘီဘီစီ သတင်းထောက်ကို ပြောပြခဲ့ပါတယ်။