လစ်ဗျားနောက်ဆုံး အခြေအနေ

  • 27 မတ် 2011
libia ဓာတ်ပုံ မူပိုင် BBC World Service
Image caption လစ်ဗျား က သူပုန်တစ်ဦး

လစ်ဗျားနိုင်ငံမှာ တော့ သူပုန်တွေက အဓိက ကျတဲ့ အဂျ်ဒါဘီယား မြို့ ကို လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံတဲ့ တပ်တွေ ရဲ့လက်ကနေ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြပါတယ်။

ဒါဟာ လစ်ဗျားမှာ မပျံသန်းရ ဇုန် သတ်မှတ် အပြီး မှာ သူပုန်တွေ ဘက်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံး မြို့လဲ ဖြစ်ပါတယ်။

အဲဒီ မြို့က မြို့ခံတစ်ဦး ဖြစ်တဲ့ ဆာလေ ဘူဆာဘာက တော့ သူတို့ မြို့သားတွေ အလွန် ပျော်ရွှင်နေကြကြောင်း နဲ့ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း မှာ မြို့တွင်းမှာ လျှပ်စစ်မီး၊ သောက်သုံးရေနဲ့ ဆေးဝါးတွေ ပြတ်လတ် နေခဲ့ကြောင်း၊ အခုတော့ လိုတာတွေ ရောက်လာ တော့ မှာ ဖြစ်တဲ့ အတွက် အင်မတန်မှ ဝမ်းသာနေကြ ပြီး ပြင်သစ် သမ္မတ ဆာကိုဇီနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့ကို လဲ ကျေးဇူး တင်တယ်လို့ ပြောသွား ပါတယ်။

သူပုန်တွေဟာ လောလောဆယ် မှာတော့ အနောက်ဘက်ကို ဦးတည် ချီတက် နေကြတာ ဖြစ်ပြီး မကြာခင်အတွင်း မှာပဲ ဘရေဂါ မြို့ ကို လဲ ပြန်လည် သိမ်းပိုက် နိုင်တော့ မှာ ဖြစ်တယ်လို့ သူပုန်တွေ ဘက်က ပြောပါတယ်။

သူပုန်တွေ က ထိန်းချုပ်ထားပြီး ကဒါဖီ ရဲ့တပ်တွေ က ရက်သတ္တပတ် ပေါင်း တော်တော်ကြာ သိမ်းယူဖို့ ကြိုးစားနေတဲ့ မစ္စရာတာ မြို့ ဘက်မှာတော့ လစ်ဗျား စစ်လေယာဉ် ၅ စင်းနဲ့ ရဟတ်ယာဉ် ၂ စင်းကို ပြင်သစ် တိုက်လေယာဉ်တွေ က ဖျက်ဆီးလိုက်နိုင်ခဲ့ကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။

လစ်ဗျား အစိုးရ ကတော့ နိုင်ငံတကာ တပ်ဖွဲ့တွေ ဟာ သူပုန် တွေကို တိုက်ရိုက် အကူအညီ တွေပေး နေတယ် လို့ စွပ်စွဲ ထားပါတယ်။