ဖူကူရှီးမားက ဓာတ်ပေါင်းဖိုကန် ကွဲအက်

  • 2 ဧပြီ 2011

ငလျင်ကြောင့် ထိခိုက်ပျက်ဆီးမှုတွေ ရှိခဲ့တဲ့ ဂျပန် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံက ရေဒီယို သတ္တိကြွဓါတ်သင့်နေတဲ့ ရေတွေဟာ ဓာတ်ပေါင်းဖို အမှတ် ၂ အတွက် သုံးတဲ့ ကွန်ကရစ်ကန်အောက်က ၁ ပေ လောက်ဖြစ်နေတဲ့ အက်ကွဲကြောင်း ကနေ ပင်လယ်ထဲကို စီးဝင်သွားခဲ့တာ ဖြစ်တယ်လို့ တိုကျို လျှပ်စစ် ဓါတ်အားပေး ကုမ္ပဏီ tepco ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒီအက်ကွဲကြောင်းကြောင့် ပယ်လယ်ရေ ဓါတ်ရောင်ခြည်သင့်တာ ဖြစ်နိုင်

ဖူကူရှီးမား အနီး ကမ်းရိုးတန်းက ရေတွေမှာ ဓာတ်ရောင်ခြည်သင့်တဲ့ အဆင့် မြင့်တက်နေရ တဲ့ အဓိက အကြောင်းရင်းဟာ ဒီကွန်ကရစ် ကန်ရဲ့ အက်ကွဲကြောင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ tepco အရာရှိတွေက ဆိုပါ တယ်။

ဂျပန်နိုင်ငံ နျူကလီးယားနဲ့ စက်ရုံလုပ်ငန်း အန္တရာယ်ကင်းဝေးရေး အေဂျင်ဆီရဲ့ ပြောခွင့်ရ သူကလည်း ဓာတ်ပေါင်းဖို အမှတ် ၂ အောက် ခြေပိုင်း စိမ့်ထွက်ရေတွေ ကနေ တနာရီကို ၁၀၀၀ မီလီဆီးဗက်ကျော် ဓာတ်ရောင်ခြည် ထွက်နေတာကို တွေ့ခဲ့ရကြောင်း၊ ကန်ရဲ့အောက် ခြေက ကွန်ကရစ်မှာလည်း ၁ ပေလောက် ကွဲအက် နေတာကို တွေ့ရပြီး၊ ဒီရေတွေဟာ အက်ကွဲကြောင်းကနေ ပင်လယ်ထဲကို စီးသွား တာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုတော့ ဒီအက်ကွဲကြောင်းကို ကွန်ကရစ်နဲ့ ပြန်ပိတ်ဖို့ လုပ်ဆောင်နေ ကြပါပြီ။

မြေငလျင်နဲ့ ဆူနာမီ ဒဏ်ကြောင့် ဖူကူရှီးမား ဓာတ်အားပေးစက်ရုံ ထိခိုက်ပျက်ဆီးမှုတွေ ဖြစ်ခဲ့ရပြီး ၃ ပတ်အကြာမှာတော့ ဝန်ကြီးချုပ် နာအိုတို ကမ်ဟာ စက်ရုံရဲ့ ကီလိုမီတာ ၂၀ တားမြစ်နယ်မြေအတွင်းက ဓာတ်ရောင်ခြည်သင့်တာကို လျော့ကျအောင် ကြိုးစား လုပ်ဆောင် နေကြတဲ့ အလုပ်သမားတွေနေတဲ့ နေရာကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဖူကူရှီးမားက ဓါတ်ရောင်ခြည်ပြန့်နှံ့မှု နည်းပါးသွားအောင် နိုင်ငံခြားကပါ လာရောက် ကူညီဆောင်ရွက်နေတာကြောင့် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ကနေ ကီလိုမီတာ ၅၀ အတွင်းမှာ ပြန်နေလို့ရပြီ ဖြစ်ပြီး၊ ကီလိုမီတာ ၂၀ နဲ့ ၃၀ ကြားဆိုရင် လောလောဆယ် စိတ်မချသေးကြောင်း အစိုးရက ကြေညာထားတယ်လို့ ဆန်းဒိုင်မြို့မှာ နေထိုင်နေတဲ့ မသင်းသင်းနိုင်က ပြောပါတယ်။