အိုင်ဗရီကိုစ့် မှာတိုက်ပွဲ အရှိန်မကျသေး

  • 3 ဧပြီ 2011
ivory_coast ဓာတ်ပုံ မူပိုင် BBC World Service
Image caption အာဘီဂျန် မြို့တော်

အိုင်ဗရီကိုစ့် နိုင်ငံက အာဘီဂျန် မြို့တော် မှာတော့ သမ္မတ အိမ်တော်နဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနတွေ လို အဓိက ကျတဲ့ နေရာတွေ အတွက် ပြိုင်ဘက် ခေါင်းဆောင် နှစ်ဦးကို ထောက်ခံသူတွေ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ သမ္မတ သစ် အလက်ဆန်း အိုတာရာကို ထောက်ခံသူ တွေက ပြိုင်ဘက် ခေါင်းဆောင် လောရင့် ဂက်ဘိုကို ထောက်ခံ သူတွေ အပေါ် တဖြည်းဖြည်း ချဉ်းကပ် လာနေကြတဲ့ အလျောက် လက်နက်ကြီး တွေနဲ့ ပစ်ခတ် သံတွေကို လဲကြားနေ ရတယ်လို့ သတင်းတွေ ရရှိပါတယ်။

အခု ဖြစ်ပွားနေကြတဲ့ တိုက်ပွဲ တွေ အတွင်း ကုလသမဂ္ဂ တပ်ဖွဲ့ဝင် ၄ ဦးလဲ ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အာဘီဂျန် မြို့ မှာ အခြေ အနေတွေ က တနေ့တခြား ပိုဆိုးလာ နေကြောင်းနဲ့ သန်းနဲ့ချီတဲ့ အရပ်သူ အရပ်သား တွေလဲ မြို့ထဲမှာ ပဲ ပိတ်မိ နေကြ တယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက် ကဆို ပါတယ်။

ကုလသမဂ္ဂ ရဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ သမ္မတ ဟောင်း လောရင့် ဂက်ဘိုကို နိုဝင်ဘာလ တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလဒ် တွေ အရ ရာထူး ကနေ နုတ်ထွက် ပေးဖို့ ကို ထပ်မံ တောင်းဆို လိုက်ပါတယ်။

မစ္စတာ ဘန်က လူပေါင်း ရာနဲ့ချီ ပြီး သေကြေ ဒဏ်ရာ ရခဲ့ ပြီးလဲ ဖြစ်သလို သွေးချောင်းလဲ စီးခဲ့ရပြီး ဖြစ်ကြောင်း၊ ဒါကြောင့် မစ္စတာ လောရင့် ဂက်ဘိုကို ရာထူးကနေ ဆင်းပေးပြီး ရွေးကောက်ပွဲ အနိုင် ရခဲ့သူ သမ္မတ အိုတာရာ ကို အာဏာ လွှဲပြောင်း ပေးစေ လိုကြောင်း၊ ဆက်လက်ပြီး ဒီကိစ္စမှာ ပါဝင် ပတ်သက် နေသူတွေ အားလုံးကို သည်းခံစိတ် မွေးကြဖို့ ထပ်မံ တိုက်တွန်း လိုကြောင်း ပြောကြား သွားပါတယ်။