ဂျပန် ရေဒီယိုဓါတ်ကြွရေတွေ ပင်လယ်ကိုစွန့်တာ တရုတ်စိုးရိမ်

  • 8 ဧပြီ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဖူကူရှီမားက နျူကလီယားဓါတ်ပေါင်းဖို

ပုံမှန်အတိုင်းဆိုရင် နျူးကလီးယားစက်ရုံတွေမှာ လောင်စာချောင်းတွေကို အအေးဓါတ်ပေးဖို့ ပင်လယ်ရေကို အဓိက သုံးကြပါတယ်။

ဒီလိုသုံးပေမဲ့ ဒီရေတွေဟာ ရေဒီယို ဓါတ်ကြွပစ္စည်းတွေနဲ့ ရောမသွားပါဘူး။

အပူချိန်လျော့သွားအောင် ဓါတ်ပေါင်းဖိုအတွင်း ရေကို ဖြတ်သွားစေတာဖြစ်ပြီး အဲဒီရေတွေကိုပင်လယ်ထဲကို ပြန်စွန့်ထုတ်ပစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ဆူနာမီအပြီး ပင်လယ်နဲ့ကပ်နေတဲ့ ပိုက်တွေရဲ့ အက်ကွဲကြောင်းကတဆင့် ရေဒီယိုဓါတ်ကြွပစ္စည်းတွေ ပင်လယ်ထဲ စိမ့်ဝင်ခဲ့တာ ဖြစ်နိုင်တယ်လို့ စမ်းသပ်မှုတွေ့ရှိခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒါကို ပြုပြင်ခဲ့ပြီးပါပြီး။

အခုတရုတ်တို့ စိုးရိမ်နေတာက ရေဒီယိုဓါတ်ကြွရေတွေကို ပင်လယ်ထဲ တမင် စွန့်ပစ်နေတာဖြစ်ပါတယ်။

လောလောဆယ် ပျော်ကျသွားတဲ့ ဓါတ်ပေါင်းဖို ၃ ခုကို အေးသွားအောင် ကြိုးစားတဲ့အနေနဲ့ စက်ရုံတာဝန်ရှိသူတွေက ဒီရေတွေကို ပင်လယ်ထဲ ဖေါက်ချခဲ့တာပါ။

ဒီလိုဖေါက်ချတဲ့ ရေတွေဟာ ပထမမှာ ရေဒီယိုဓါတ်ကြွပစ္စည်းနဲ့ထိတွေ့ခဲ့လို့ ဓါတ်ကြွမှုများပေမဲ့ ဒီလိုရေတွေကို ဓါတ်ကြွမှုနည်းအောင် လုပ်ပြီးမှာ ဖေါက်ချတာလို့ ဗြိတိသျှရူပဗေဒပညာရှင်တဦးက ပြောပါတယ်။

ဒါကြောင့် အခု ပင်လယ်ထဲ စွန့်ထုတ်တဲ့ ရေတွေမှာ ရေဒီယိုဓါတ်ကြွမှုနည်းပြီး အန္တရာယ်မရှိနိုင်ဘူးလို့ ပြောကြပေမဲ့ ရေရှည်မှာ အန္တရာယ်ရှိ မရှိ ဆိုတာကတော့ မေးစရာဖြစ်နေတယ်လို့ ဘီဘီစိ သိပ္ပံဌာနက သတင်းရေးသားထားပါတယ်။