ကဒါဖီတပ်ဖွဲ့တွေက အဒါ့ဘီရာမြို့ကို တိုက်ခိုက်

  • 9 ဧပြီ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption သူပုန်တပ်တချို့ အဒါ့ဘီယာမြို့ ပြင်ဘက်ကို ရှောင်ထွက်နေ

လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီ ကို သစ္စာခံတဲ့တပ်တွေဟာ နိုင်ငံအရှေ့ပိုင်း က သူပုန်တွေ ထိန်းချုပ်ထားတဲ့ အဒါ့ဘီ ယာ မြို့ကို အကြီးအကျယ် တိုက်ခိုက်နေ ပါတယ်။

အစိုးရတပ်တွေက မြို့ကိုဝိုင်းရံထားကာ ဆင်ခြေဖုံးဘက်ကို အမြောက်တွေနဲ့ ပစ်ခတ် နေပြီး၊ တိုက်ခိုက်မှုတွေဟာ တဘက်နဲ့တဘက် လက်တကမ်းပဲ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

အခုလို တိုက်ခိုက်မှုတွေကြောင့် အဓိက ရေနံထုတ်လုပ်တဲ့ ဘရီဂါမြို့ဆီကို ဦးတည်ပြီး အနောက်ဖက်ကို ရှေ့တိုးချီတက်နေတဲ့ သူပုန်အုပ်စုတွေ အတွက် အတားအဆီး ဖြစ်စေ လိမ့်မယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

တခြားဖြစ်ရပ်တခုကတော့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ မစ်စရာတာမြို့က ဆေးရုံတွေကို ဆေးဝါးအကူအညီတွေ ပေးဖို့အတွက် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ သင်္ဘောတစီးဟာ မစ်စရာတာ မြို့ကို ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။

ဆွေးနွေးအဖြေရှာကြမယ်

Image caption အာရပ်အဖွဲ့ချုပ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ ဆွေးနွေးမယ်

လောလောဆယ်အချိန်မှာတော့ လစ်ဗျား အကျပ် အတည်းကို နိုင်ငံရေးနည်းအရ အဖြေရှာနိုင်ဖို့ အတွက် အာရပ်နိုင်ငံများ အဖွဲ့ချုပ်ကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့အတူ လာမယ့် ကြာသပတေးနေ့မှာ အစည်းအဝေး ပြုလုပ်မှာ ဖြစ်ပါတယ်။

တောင်အာဖရိသမ္မတ ဂျေကော့ဇူးမား ဦးဆောင် တဲ့ အာဖရိကခ ေါင်းဆောင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ဟာလည်း လစ်ဗျား နိုင်ငံ အကျပ်အတည်း အဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ မကြာခင် လစ်ဗျား နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့ဟာ လစ်ဗျားအစိုးရ အရာရှိတွေနဲ့ မြို့တော် ထရီပိုလီမှာ တွေ့ ဆုံဖို့ စီစဉ် ထားပါတယ်။ အဲဒီနောက်မှာတော့ သူပုန်တွေ အဓိက အခြေချတဲ့ ဘန်ဂါဇီမြို့ကို သွားရောက် မှာ ဖြစ်ပါတယ်။

အတိုက်အခံတွေ ကတော့ လစ်ဗျားအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်မှာ မဟုတ်ဘူးလို့ ပြော ပါတယ်။