နောက်ဆုံး ရေးသားချိန် 12 ဧပြီလ 2011 - 16:31 GMT

တော်ဝင်မင်္ဂလာပွဲ မှာ သောတရှင်တို့လဲ မျှဝေပါဝင်ဖို့

Kate and William (Photo_Aussie Post)

ဖူးစာဆုံကြတော့မယ့် ချစ်သူတွေ

လာမယ့် ဧပြီလ ၂၉ ရက် သောကြာနေ့ ဆိုရင် ဗြိတိသျှ နန်းလျာ မင်းသား William နဲ့ သူ့ ချစ်သူ သာမန် အရပ်သူလေး Kate Middleton တို့ ရဲ့ မင်္ဂလာပွဲ ကျင်းပ ပါတော့မယ်။

ချစ်သူနှစ်ဦး ပေါင်းဆုံရတဲ့ပွဲ ဆိုတော့ ကြည်နူးစရာ၊ ပျော်ရွှင်စရာတွေ အပြည့်နဲ့ ဖြစ်နေမှာပါ။

ချစ်သူ စုံတွဲတွေ စိတ်ကူး ယဉ်ချင်စရာ နတ်သမီး ပုံပြင်တွေထဲက လို မင်္ဂလာပွဲ ဖြစ်မှာ ကလည်း အမှန်ပါ။

သောတရှင်တို့မှာ ရော ဘီဘီစီ ကို မျှဝေနိုင်မယ့် ထူးခြား တဲ့ ကိုယ်ပိုင် အချစ် ဇာတ်လမ်းတွေ၊ မှတ်မှတ် ထင်ထင် အတွေ့ အကြုံ တွေများ ရှိပါသလား။

ရှိရင် ဘီဘီစီကို ပေးပို့ ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

မင်္ဂလာ ဓါတ်ပုံ လေးတွေ ကိုလည်း ပို့ နိုင်ရင် ပို့ ပေးကြပါ။

Kate and William stamp

အထိမ်းအမှတ် တံဆိပ်ခေါင်းတွေလဲ ထွက်နေ

သောတရှင်တွေ အနေနဲ့ Kate နဲ့ William အတွက် မင်္ဂလာ ဆုတောင်း ကဗျာ လေး တွေ ရေးဖွဲ့ ပေးပို့ ကြပါ။

သောတရှင်တို့ ပေးပို့လာတဲ့ ကဗျာတွေ၊ ဓာတ်ပုံတွေကို ရွေးချယ်ပြီး ဘီဘီစီ အင်တာနက်စာမျက်နှာမှာ ဖော်ပြသွားမှာ ဖြစ်သလို လေလှိုင်းပေါ်ကလဲ ဖတ်ပြသွားမှာ ဖြစ်ပါတယ်။

burmese@bbc.co.uk ဒါမှမဟုတ် bbcburmese@gmail.com ကို အီးမေးလ်နဲ့ ဖြစ်စေ၊

စာတိုက် သေတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို စာရေးသားလို့ ဖြစ်စေ ပေးပို့ နိုင်ကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။