အီဂျစ်သမ္မတဟောင်း မူဘာရတ် ကျန်းမာရေး ဆုတ်ယုတ်

  • 13 ဧပြီ 2011
အီဂျစ်သမ္မတ ဟိုစီနီ မူဘာရတ် ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီဂျစ်သမ္မတ ဟိုစီနီ မူဘာရတ်

အီဂျစ် နိုင်ငံမှာ သမ္မတဟောင်း မူဘာရက် အပေါ် အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစားမှု စွဲချက်တွေ နဲ့ စုံစမ်း စစ်ဆေးမှု ပြုလုပ်နေစဉ်မှာပဲ လွန်ခဲ့တဲ့ နှစ်လက ရာထူးက ဖြုတ်ချ ခံခဲ့ရသူ အီဂျစ် သမ္မတဟောင်း ဟိုစီနီ မူဘာရတ်နဲ့ သူ့ သား နှစ်ရောက် ထိန်းသိမ်း ခံလိုက်ကြရ ပါပြီ။

အဂတိ လိုက်စားမှု တွေကနေ သူတို့ မိသားစု ချမ်းသာ လာခဲ့ကြတာ တယ်လို့ စွပ်စွဲမှုတွေ ရှိနေတာ ဆိုတော့ ပိုင်ဆိုင်မှုတွေ က ဘယ်လောက်များ ရှိနေကြပါလဲ..ဘယ်လောက်တောင် ချမ်းသာ နေကြပါသလဲ

တကယ်တော့ သမ္မတဟောင်း မူဘာရတ်နဲ့ သူ့မိသားစု ဘယ်လောက် အထိ ချမ်းသာ တယ် အဲဒီ ကြွယ်ဝ မှုတွေကို ဘယ်လို ရရှိခဲ့တယ် ဆိုတာ ကတော့ ခွဲခွဲခြားခြား ပြောဖို့ ခက်လှ တယ်လို့ ဘီဘီစီ စီးပွားရေးရာသတင်းထောက် Mark Gregory က ပြော ပါတယ်။

သူတို့ ဘယ်လောက် ချမ်းသာတယ် ဆိုတာ တကယ့်ကို မသိရတာပါ။

အောက်ထစ် ဒေါ်လာ သန်း တစ်ထောင် ကနေ ဘီလျံ ဒေါ်လာ ၇၀ လောက် အထိ ရှိနိုင်တယ်လို့ တော့ ခန့်မှန်းမှုတွေ ရှိနေကြပါတယ်။

အမေရိကန် ထောက်လှမ်းရေး ကတော့ အဲဒီ ခန့်မှန်းချက်တွေရဲ့ အောက်ဆုံး နား လောက်ဖြစ်တဲ့ ဒေါ်လာ ၅ ဘီလျံ တော့ မကျော် ဘူးလို့ ခန့်မှန်းတယ် ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။

အီဂျစ် နိုင်ငံ အတွင်းမှာ မစ္စတာ မူဘာရတ်ကို ဆန့်ကျင်သူတွေက သူတို့ရဲ့ ကြွယ်ဝမှုဟာ အိုးအိမ် မြေယာ တွေနဲ့ ပတ်သက်တဲ့ အပေး အယူကိစ္စတွေကနေ ရခဲ့တာလို့ ပြောကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ် လောက်က သဲကန္တာရ အတွင်းမှာရော အီဂျစ် နိုင်ငံ က အဓိက မြို့ကြီး တွေဝန်းကျင်မှာပါ မြေလွတ်တွေကို တန်ဖိုးရှိ အိမ်ယာ တွေ အဖြစ် ပြောင်းလဲ ပစ်ခဲ့ပါတယ်။

မစ္စတာ မူဘာရတ်ရဲ့ မိသားစုနဲ့ အဆက်အသွယ် ရှိကြသူ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တွေက သူတို့ ကို ငွေကြေး အမြောက် အများ လာဘ်ထိုးခြင်း အားဖြင့် အပြန် အလှန် အနေနဲ့ လုပ်ငန်းရှင်ကြီးတွေက မြေနေရာ တွေအကျယ်ကြီးကို အလကား သို့ မဟုတ် အလကား နီးပါးလောက် ရခဲ့ကြတယ် ဆိုတဲ့ ပြောဆိုမှု တွေလည်း ရှိနေပါတယ်။