ဗြိတိန်မှာ လူဝင်မှု ကြီးကြပ်ရေး စည်းမျဉ်းတွေ တင်းကျပ်

  • 15 ဧပြီ 2011
ဓာတ်ပုံ မူပိုင် PA
Image caption လူဝင်မှု တင်းကျပ် တော့မယ့် David Cameron

ယူကေနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေကို တင်းကြပ်မဲ့ အစီအစဉ် တွေကို လုပ်တော့မယ်လို့ လက်ရှိ ညွန့်ပေါင်း အစိုးရ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ကြေညာခဲ့ပါတယ်။

ဒီလို တင်းကျပ်မှုတွေ လုပ်လာတော့မှာကြောင့် ယူကေ နိုင်ငံကို ကျောင်းသား ဗီဇာနဲ့ မြန်မာနိုင်ငံက ကျောင်းလာတက် ကြမဲ့ ကျောင်းသားတွေ အတွက် ကန့်သတ်မှုတွေ ပိုများလာတော့မှာ ဖြစ်ပါတယ်။

လာမယ့်နှစ် အခုလို အချိန်မျိုး ကျရင် ကျောင်းတက်ရင်း အလုပ်လုပ်ခွင့် ပေးထားတဲ့ အပေါ် ပိုမို တင်းကျပ် လာနိုင်ပြီး အစိုးရ အသိအမှတ်ပြု တက္ကသိုလ်နဲ့ ကျောင်းတွေမှာ စာသင်တဲ့ လူတွေကိုသာ ကန့်သတ် အလုပ်လုပ်ခွင့် ပေးတော့မယ်လို့ သိရပါတယ်။

အဲဒီ တက္ကသိုလ်နဲ့ ကျောင်းတွေရဲ့ ကျောင်းလခကြေး ကလည်း တနှစ်ကို ပေါင် တသောင်း ပတ်ဝန်းကျင်လောက်မှာ ရှိတာကြောင့် အလုပ်လုပ်ရင်း ကျောင်းတက် လေ့ရှိကြတဲ့ မြန်မာ ကျောင်းသားတွေ အနေနဲ့ အကြပ်အတည်း တွေ့လာနိုင်တယ်လို့ ဆိုနေကြပါတယ်။