မင်္ဂလာပွဲနေ့ အစီအစဉ်များ

  • 19 ဧပြီ 2011
ဓာတ်ပုံ မူပိုင် Getty
Image caption ဘတ်ကင်ဟမ်နန်းတော် ရှေ့က လမ်းမှာလည်း ပြင်ဆင်ထား

လန်ဒန်စံတော်ချိန်

၀၈၁၅ က ၀၉၄၅ ဧည့်ပရိသတ်များ ဝက်စမင်စတာ ဘုရားကျောင်းကြီးရဲ့ မြောက်တံခါးမှာ စတင်ရောက်ရှိကြမည်။

၀၉၅၀ ဗြိတိသျှဓနသဟာရ အဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့ အကြီးအကဲ တွေ၊ သံတမန်တွေ စတင်ရောက်ရှိ နေရာယူကြမည်။

၁၀၁၀ သတို့သား မင်းသားဝီလျံနဲ့ ညီ လူပျိုရံ လုပ်မဲ့ မင်းသားဟယ်ရီတို့ ကလဲရင့်စ်စံအိမ်မှ ဝက်စမင်စတာ ဘုရားကျောင်းသို့ စတင်ထွက်ခွါကြမည်။

၁၀၁၅ မင်းသားဝီလျံနဲ့ ဟယ်ရီတို့ ဝက်စမင်စတာ ဘုရားကျောင်းသို့ ရောက်ရှိမည်။

၁၀၂၀ နိုင်ငံခြားကရောက်လာကြတဲ့ တော်ဝင်မိသားစုတွေ၊ ဘုရင် မိဖုရားနဲ့ မင်းသား မင်းသမီးတွေ ဘတ်ကင်ဟမ်နန်းတော်က တဆင့် ဝက်စမင်စတာ ဘုရားကျောင်းသို့ ရောက်လာကြမည်။

၁၀၂၀ သတို့သမီး ကိတ်မစ်ဒယ်လတန် ရဲ့ မိခင် ကာရိုးလ်နဲ့ မောင် ဂျိမ်းတို့ တည်းခိုရာ ဂိုးရင်းဟိုတယ်က ဝက်စမင်စတာ ဘုရားကျောင်းသို့ ထွက်ခွာလာကြမည်။

၁၀၂၅ တော်ဝင်မိသားစုထဲမှ အငယ်တန်း ဆွေမျိုးများ ဝက်စမင်စတာ ဘုရားကျောင်းသို့ ဘတ်ကင်ဟမ်နန်းတော်မှ စ ထွက်ခွာကြမည်။

၁၀၃၅ သတို့သားရဲ့ ဦးလေးတော် ယော့ခ်မြို့စားကြီး အင်ဒရူး မင်းသားနဲ့ သမီးတော် မင်းသမီး ဘီးယားထရစ် နဲ့ ယူဂျီးနီး၊ ဦးလေးတော် အက်ဒွပ်မင်းသားနဲ့ ဇနီး၊ အဒေါ် အဲန်းမင်းသမီး နဲ့ ကြင်ယာတော် ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး တင်မိုသီလောရင့်စ်တို့ ဝက်စမင်စတာ ဘုရားကျောင်းသို့ ထွက်ခွာလာကြမည်။

၁၀၃၈ သတို့သား ဖခင် ဝေလမင်းသားနဲ့ ကြင်ယာတော် ကွန်းဝေါမြို့စားတို့ ကလဲရင့်စ် စံအိမ်မှ ဝက်စမင်စတာ ဘုရားကျောင်းသို့ ထွက်ခွာလာကြမည်။

၁၀၄၀ ဘုရင်မကြီး နဲ့ ကြင်ယာတော်တို့ ဘတ်ကင်ဟမ်နန်းတော်က ဝက်စမင်စတာ ဘုရားကျောင်းသို့ ထွက်ခွာလာကြမည်။

၁၀၄၈ အပျိုရံများနဲ့ ပန်းကိုင်၊ ဗန်းကိုင်သူငယ်များ ဂိုးရင်းဟိုတယ်က ဝက်စမင်စတာ ဘုရားကျောင်းသို့ ထွက်ခွာကြမည်။

၁၀၅၁ သတို့သမီး ကိတ်မစ်ဒယ်လ်တန်က ဖခင်ဖြစ်သူ မိုက်ကယ်နဲ့ အတူ ဂိုးရင်းဟိုတယ်က ဝက်စမင်စတာ ဘုရားကျောင်းသို့ ထွက်ခွာမည်။

၁၁၀၀ လက်ထပ် မင်္ဂလာအခမ်းအနား စတင်မည်။ အခမ်းအနားကျင်းပပုံကို လမ်း တလျှောက်မှာ စပီကာတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်ပေးနေမည်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တော်ဝင်မြင်းတပ်သားတွကလဲ အသင့်ပြင်

၁၂၁၅ တော်ဝင်နန်းတော်မြင်းတပ်က ရှေ့ဆောင်ပြီး သတို့သားနဲ့ သတို့သမီးတို့ လိုက်ပါလာသော မြင်းရထား၊ သူတို့နောက်က တော်ဝင်မြင်းတပ်က ရှေ့ဆောင်ပြီး ဘုရင်မ ကြီးလိုက်ပါလာတဲ့ မြင်းရထားတို့ ဝက်စမင် စတာ ဘုရားကျောင်းကနေ ဘတ်ကင်ဟမ် နန်းတော်သို့ ပြန်ထွက်ခွာမည်။

၁၂၃၀ သတို့သမီး နဲ့ အခြံအရံများရဲ့ မြင်းရထား ဘတ်ကင်ဟမ်နန်းတော်သို့ ရောက်မည်။

၁၂၄၀ တော်ဝင်မိသားစုဝင်များ၊ ဆွေမျိုးများနဲ့ နိုင်ငံခြားက ရောက်လာကြတဲ့ မင်းမိဖုရား၊ မင်းသား မင်းသမီးတွေ ဘတ်ကင်ဟမ်နန်းတော်သို့ ရောက်လာကြမည်။

၁၃၂၅ ဘုရင်မကြီး နဲ့ သတို့သား သတို့သမီးဟာ နှစ်ဖက်ဆွေမျိုးတွေနဲ့ အတူ နန်းတော် အပေါ်ထပ် ရင်ပြင်အဆောင်ပေါ်မှ လူထုကို ထွက်တွေ့မည်။

၁၃၃၀ ဗြိတိသျှ တော်ဝင် လေတပ်မတော်မှ လေယာဉ်များ ဂုဏ်ပြုဖြတ်ပျံသန်း ကြမည်။