ဆီးရီးယားဆန္ဒပြမှု၊ အာဏာပိုင်တွေ ပစ်ခတ်

  • 23 ဧပြီ 2011
Image caption အသုဘပို့ အခမ်းအနားတွေကို လူ သောင်းနဲ့ချီ ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်

ဆီးရီးယားနိုင်ငံမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေအတွင်း သေဆုံးသွားခဲ့ ရသူတွေရဲ့အသုဘ လိုက်ပို့ သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ လို့ ဒီကနေ့မှာလည်း လူပေါင်း ၉ ဦးထက် မနည်း သေဆုံးသွား ခဲ့ပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့နေရာတွေကတော့ မြို့တော် ဒမားစကပ် ဆင်ခြေဖုံးအပိုင်း၊ နိုင်ငံ အနောက်ဖက် ဟိုးမ်စ်မြို့နဲ့ တောင်ပိုင်း အိဇ်ရာ မြို့တွေမှာ ဖြစ်ပါတယ်။

အသုဘပို့ အခမ်းအနားတွေကို လူပေါင်း သောင်းနဲ့ချီပြီး စုရုံးရောက်ရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခုလို တိုင်းပြည်မှာ သွေးထွက်သံယို ဖြစ်နေတာတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ပါလီမန်အမတ် ၂ ဦးကကလည်း ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ ပြောပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေကို ဆီးရီးယား အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့ တာကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ဆီးရီးယား အစိုးရကတော့ အခုလို အကြမ်းဖက်မှုတွေဟာ ရာဇဝတ်ဂိုဏ်းအဖွဲ့တွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။