ဆိုင်းဘာဘာ ကွယ်လွန်

  • 24 ဧပြီ 2011
ဓာတ်ပုံ မူပိုင် bbc
Image caption ဝန်ကြီးချုပ်တွေကိုယ်တိုင် လာတွေ့ရတဲ့ ဆိုင်းဘာဘာ

လူအများ ကြည်ညိုလေးစားကြတဲ့ အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာရေးဆရာ လည်းဖြစ်၊ အကြားအမြင်ဆရာလည်း ဖြစ်တဲ့ အသက် ၈၄ နှစ်အရွယ် ဆာသိရ ဆိုင်းဘာဘာဟာ နှလုံးရောဂါနဲ့ ဒီကနေ့ ကွယ်လွန်သွားပါပြီ။

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဆိုင်း ဘာဘာဟာ လူပေါင်းသန်းနဲ့ချီပြီး လေစား ကြည်ညိုတဲ့ ဘာသာရေး ခေါင်းဆောင် ဖြစ်ပြီး၊ သူဟာတကယ့် အထင်ကရ ပုဂ္ဂိုလ် ဖြစ်တယ်လို့ ချီးကျူးပြောကြားပါတယ်။

တခြား အထင်ကရ ခေါင်းဆောင်တွေကလည်း ဆိုင်းဘာဘာကို ချီကျူး စကား ပြောကြား ပါတယ်။

ဆိုင်းဘာဘာကို ကိုးကွယ် ဆည်းကပ်သူတွေထဲမှာ ထိပ်တန်း နိုင်ငံရေးသမားတွေ၊ စီးပွား ရေး လုပ်ငန်းရှင်တွေ၊ အာကစား အကျော်အမော်တွေနဲ့ ဘောလီးဝုဒ်က နာမည်ကြီး တွေပါ ပါဝင်ကြပြီး၊ ကမ္ဘာတလွှားမှာ သူ့ကို ကိုယ်ကွယ်သူပေါင်း သန်းနဲ့ချီပြီးရှိပါတယ်။

ဆိုင်းဘာဘာဟာ သူ့ဇာတိမြို့ဖြစ်တဲ့ ပွတ်တာပါ့သီမြို့ ဆေးရုံမှာ ကွယ်လွန်သွားတာဖြစ်လို့ ထောင်ပေါင်းများစွာသော လူတွေဟာ ဆေးရုံအပြင်ဖက်မှာ စုရုံးရောက်ရှိလာကြပါတယ်။

ဆိုင်းဘာဘာဟာ တန်ခိုးရှိပြီး၊ သေလုမျောပါးလူနာတွေကို ပြန်ကောင်းလာအောင် ဆေးကု သ ပေးနိုင်တဲ့ သက်ရှိထင်ရှား ဘုရားတဆူအဖြစ် သူ့ကို ကိုးကွယ်သူတွေက ယူဆထားခဲ့ ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့ကို မယုံကြည်သူ တွေကတော့ သူဟာ လိမ်ညာနေတဲ့သူ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။